English News

ဘင်္ဂလာဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်

နိရဉ္စရာ၊ သြဂုတ် ၂၇

21078631_1628332533845484_2695992805636936499_n

ဘင်္ဂလာဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီးအား ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ဆင့်ခေါ်ပြီး လက်ရှိ ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်တွင် ဖြစ်ပျက်နေမှုများနှင့် အတူ မြန်မာနိုင်ငံမှာ လူများ ထပ်မံ ထွက်ပြေးလာမှုနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောကြားသည်ဟု သိရသည်။

ကလေးငယ်များ၊ မိန်းမများ၊ သက်ကြီးရွယ်အိုများပါဝင်သည့် ထောင်နှင့်ချီသော အရပ်သားများသည် နယ်စပ်တွင် စုရုံးရောက်ရှိနေကြပြီး ဘင်္ဂလာဒေ့ရှ်သို့ ၀င်ရောက်ရန် ကြိုးပမ်းနေကြသည်ဟု ဖော်ပြသည်။

မြန်မာ သံအမတ်သည် သြဂုတ် ၂၆ ရက် နေ့လယ်က ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာန အာရှ- ပစိဖိတ် ဆိုင်ရာ အတွင်းဝန် Mahbub Uz Zaman နှင့်တွေ့ဆုံခဲ့ပြီး လက်ရှိ ရခိုင်ပြည်နယ် ဖြစ်ပေါ်နေသာ အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ဘင်္ဂလာဒေ့ရှ် နိုင်ငံအနေဖြင့် သြဂုတ် ၂၅ ရက်နေ့က ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်တွင် နယ်ခြားရဲစခန်းများကို တိုက်ခိုက်ခံကို ရှုတ်ချလိုက်ပြီ အပြစ်မဲ့သူများ သေဆုံးသွားခဲ့ခြင်း အပေါ် ၀မ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုထားသည်။