နိရဉ္စရာ၊ အောက်တိုဘာ ၁၈
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်တွင် ရွှေပန်းထိမ်ဆရာတစ်ဦးဖြစ်သူ ဦးမောင်သန်းရွှေ၏ အိမ် ယနေ့ နံနက် အစောကြီး ညဥ့်အချိန်က မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
“ မီးက ညဥ့်အချိန် ၂ နာရီ ၁၅ မိနစ်က စလောင်ပါတယ်။ ၂ နာရီ ၄၅ မိနစ်မှာ ငြိမ်းပါတယ်။ တစ်အိမ်လုံးလောင်သွားပါတယ်။ လောင်တာက အိမ်ရှေ့ခန်းကနေ ၀ါယာလျှော့ဖြစ်ပြီး လောင်တာပါ။ မတော်တဆ လောင်တာဖြစ်ပါတယ်” ဟု ဘူးသီးတောင်မြို့မ ရဲစခန်းမှူးက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။
၎င်းအိမ်မှာ ဘူးသီးတောင်မြို့ အမှတ်(၄) ရပ်ကွက် သုဓမ္မာရုံ ကျောင်းအနီးတွင် တည်ရှိပြီး လူနေထိုင်ခြင်း မရှိကြောင်း၊ မီးသတ်ဦးစီး၏ တွက်ချက်မှု အရ မီးလောင်မှုကြောင့် ဆုံးရှုံးမှု ပမာဏမှာ ကျပ် ၆ သိန်း ၂ သောင်း ၅ ထောင်ဖိုးရှိသည်ဟု စခန်းမှူးက ပြောဆိုသည်။
မီးလောင်မှုအား မီးသတ်ကားများဖြင့် ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ပြီး ဘေးအိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်း မရှိကြောင်း သိရသည်။
(ဓာတ်ပုံ- Ven Na Ya Ka)