English News

ဘူးသီးတောင်ထောင်မှ ထောင်သား၁၇၀ ကျောက်ဖြူထောင်သို့ပြောင်းရွှေ့

နိရဉ္စရာ၊ အောက်တိုဘာ ၆

22195529_1695331357145601_915320637587714865_n

ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်မှ ပြောင်းရွှေ့ခံရသူ ထောင်သား ၁၇၀ သည် ယနေ့ ညနေက ကျောက်ဖြူထောင်သို့ ရောက်ရှိလာခဲ့သည်ဟု သတင်းရရှိသည်။

ကျောက်ဖြူဒေသခံ ကိုထွန်းထွန်းနိုင်က “ ဒီကနေ့ ပြောင်းရွှေ့လာသူတွေ ကျောက်ဖြူထောင်ကို ရောက်ရှိလာပါတယ်။ အဲဒီအထဲမှာ အကြမ်းဖက်မှုနဲ့ ဖမ်းဆီးထောင်ချခံရတဲ့ ဘင်္ဂလီလူမျိုး ထောင်သား ၁၆၈ ဦးနဲ့ တိုင်းရင်းသား ထောင်သား ၂ ဦး၊ စုစုပေါင်း ထောင်သား ၁၇၀ ဖြစ်တယ်လို့ သိရပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ကျောက်ဖြူထောင်တွင် ယခင်က ထောင်သား ၃၀၀ ကျော်ရှိပြီး လက်ရှိတွင် ၅၀၀ ကျော်ရှိသွားပြီဟု သိရကြောင်း သူက ပြောဆိုသည်။

ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းရာ သူက “ ဟုတ်ပါတယ်။ ဒီကနေ့ ပြောင်းရွှေ့လာပါတယ်။ ဘူးသီးတောင်ထောင်ကနေ ပြောင်းရွှေ့လာတဲ့ ထောင်သားတွေပါ” ဟု အတည်ပြု ပြောကြားသည်။