English News

ဘူးသီးတောင်မြို့နယ် ပုဇွန်ချောင်းကျေးရွာ ရာအိမ်မှူးကို ခေါင်းဖြတ်သတ်ပြီး ဆယ်အိမ်မှူးအား ပြန်ပေးဆွဲ

အောင်ကျော်မင်း (မောင်တော)
နိရဉ္စရာ၊ မေ ၁၉

18555912_1526689527343119_1535713975400352398_n

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ကျောင်းတောင်အုပ်စု၊ ပုဇွန်ချောင်းကျေးရွာမှ ရာအိမ်မှူးကို အကြမ်းဖက်သမားများမှ ခေါင်းဖြတ်သတ်ပြီး ဆယ်အိမ်မှူးကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားကြောင်း အမည်မဖော်လိုသူ နယ်ခြားစောင့် ရဲအရာရှိ တစ်ဦးက ပြောသည်။

မေလ ၁၉ ရက် ယနေ့နံနက် အစောကြီး ၃ နာရီ အချိန်တွင် သေနတ်ကိုင်ထားသူ အကြမ်းဖက်သမား ၅ ဦးနှင့် တုတ်ဓါးများ ကိုင်ဆောင်ထားသူ ဘင်္ဂလီ လူမျိုး အယောက် ၃၀ ခန့်သည် ဘူးသီးတောင်မြို့နယ် ကျောင်းတောင် အုပ်စု ပုဇွန်ချောင်း ဘင်္ဂလီကျေးရွာအား ၀င်ရောက်လာပြီး ရာအိမ်မှူး မူဇီဇူလာမှန် (ဘ) ကာဒီဟူဆောင်းအိမ်နှင့် ဆယ်အိမ်မှူး နုရ်ဇီလန် (ဘ) ဆူဒင်အာမတ်အိမ်များကို အဓိကထား စီးနှင်းကာ ရာအိမ်မှူး မူဇီဇူလာမှန် အား သူ့အိမ် အနီးတွင် ပင် ခေါင်းဖြတ်သတ်လိုက်ပြီး ဆယ်အိမ်မှူး နုရ်ဇီလန်အား ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

လက်ရှိ အချိန်တွင် နယ်ခြားစောင့်တပ်နှင့် တပ်မတော်မှ ပူးပေါင်းပြီး အကြမ်းဖက်သမားများကို လိုက်လံ ရှာဖွေနေပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်လျှက်ရှိကြောင်း နယ်ခြားစောင့် ရဲအရာရှိ ဆက်လက် ပြောကြားသည်။

သေဆုံးသူ အလောင်းကို ဘူးသီးတောင်မြို့နယ် ဆေးရုံသို့ ယူဆောင်လာကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် ကျောင်းတောင်အုပ်စုသည် လွန်ခဲ့သော မေလ ၄ ရက်နေ့ကလည်း မိုင်းဗုံး ပြုလုပ်စဉ် ပေါက်ကွဲခဲ့သော နေရာ ဖြစ်ပြီး ယင်းဖြစ်စဉ်တွင် ဗုံးလုပ်သူ အကြမ်းဖက်သမား ၇ ဦးသေဆုံးကာ အဖွဲ့ဝင်အများအပြား ဒဏ်ရာရရှိခဲ့သော နေရာ ဖြစ်သည်။