English News

ဘူးသီးတောင်မြို့နယ်၌ မသင်္ကာသူ ဘင်္ဂလီ ၄ ဦးနှင့် လုပ်သေနတ် ၁၄ လက် ဖမ်းဆီးရမိ

နိရဉ္စရာ၊ ဇန်န၀ါရီ ၎

15823407_1392108794134527_6820817599471591172_n

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မောင်ကြီးတောင်ကျေးရွာ၌ စစ်သင်တန်းပို့ချသူ ၁ ဦး၊ စစ်သင်တန်းတက်ရောက်ပြီးသူ ၃ ဦးနှင့် လုပ်သေနတ် ၁၄ လက် ကို ဇန်န၀ါရီ ၄ ရက် မွန်းလွဲပိုင်း တွင် ဖမ်းဆီးရမိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်သည်။

ဘူးသီးတောင်မြို့နယ် မောင်ကြီးတောင်ကျေးရွာတွင် စစ်သင်တန်း တက်ရောက် ပြီးသူများနှင့် လက်နက် များ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဇန်န၀ါရီ ၄ ရက် နံနက် ၃နာရီခွဲတွင် အဆိုပါကျေးရွာသို့ ရောက်ရှိဖြန့်ခွဲ ပိတ်ဆို့ရှင်းလင်းရာ စစ်သင်တန်းပို့ချသူ မာမက်ကာရက်နှင့် သင်တန်းတက်ရောက်ပြီး သူ ကူမူရူး၊ ဒီမာမွတ်နှင့် မာဒူလားတို့ လေးဦးကို ဖမ်းဆီးရမိခဲ့ကြောင်းသတင်းတွင် ဖော်ပြသည်။

၎င်းတို့အား စစ်ဆေးဖော်ထုတ်ချက်အရ မွန်းလွဲ ၂နာရီခန့်တွင် ဒီမာမွတ်၏ ကွမ်းခြံတွင် မြွေရေခွံအိတ်ဖြင့်ထုပ်၍ မြေတွင်မြှုပ်ဝှက်ထားသော လုပ်သေနတ် ၁၄ လက် ဖော်ထုတ်သိမ်းဆည်းရမိသည်။

15873026_1392108880801185_8988898009335391344_n

ဖမ်းဆီးရမိသူများအား စစ်ဆေးဖော်ထုတ်၍ တရားဥပဒေနှင့် အညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်းနှင့် သိရသည်။

(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)