Advertising
English News

မင်းပြားမြို့တွင် လေဆင်နှာမောင်းတိုက်ခတ်၍ ငါးဈေးတန်းနှင့်ဈေးဆိုင်ခန်းတစ်ချို့ ပြိုပျက်

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ ဇူလိုင် ၎

36547135_1984481964897204_6718228899995582464_n

ယမန်နေ့ နေ့လယ် ၂ ရီကျော်ခန့်က လေဆင်နှာမောင်း တိုက်ခတ်၍ ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ဈေးဆိုင်ခန်း ၁၀ ဆိုင်ခန့်နှင့် ငါးဈေးတန်းတွင် ခေါင်မိုးများ ပွင့်ပါသွားသည်ဟု သတင်းရရှိသည်။

“ဈေးတစ်ကြောမှာ တိုက်ခတ်သွားတာပါ။ ဈေးဆိုင်ခေါင်မိုးတွေ အကုန်လုံး ပွင့်ထွက်သွားပါတယ်။ အိမ်တွေ ပါသွားတာတော့ မကြားမိပါဘူး။ ပစ္စည်းတွေ မိုးမစိုရအောင် ဈေးဆိုင်ခန်းတွေ ပြန်ပြီးမိုးနေတာတွေတော့ တွေ့ခဲ့ရပါတယ်” မင်းပြားမြို့ခံ ဦးသိန်းစံက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

လေဆင်နှာမောင်းကြောင့် သစ်ပင်ငယ်များ ၊ သစ်ကိုင်းများ ကျိုးကျမှုများရှိသော်လည်း တစ်စုံတစ်ဦးမှ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

အသေးစိတ် သိရှိနိုင် မင်းပြားမြို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကို ယမန်နေ့ ညနေပိုင်းက ဆက်သွယ်ခဲ့သော်လည်း ၎င်းတာဝန်ရှိသူမှာ မြောက်ဦးမြို့သို့ ရောက်ရှိနေ၍ ပျက်စီးမှု အခြေအနေ အတိအကျကို မေးမြန်း၍ မရခဲ့ပါ။

မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးကို အကြိမ်ကြိမ် ဖုန်းဖြင့်ဆက်သွယ်သော်လည်း ဖုန်းကို လက်ခံဖြေဆိုခြင်း မရှိသဖြင့် ပျက်စီးမှု အတိအကျကို တင်ပြနိုင်ခြင်းမရှိပါ။

(ဓာတ်ပုံ- Facebook)