English News

မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်တွင် ကျွဲ ခတ်၍ လူ ၃ ဦး ဒဏ်ရာရ

နောင်ခိုင်အောင်
နိရဉ္စရာ၊ မေ ၁၉

18556159_1526910483987690_6416118854757357630_n

မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်တွင် ယနေ့ မနက် ၁ဝ နာရီ ကျော်က စိတ်ရိုင်းဝင်နေသည့် အိမ်မွေးကျွဲ ဝင်ခတ်၍ လူ ၃ ဦး ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။

“ ကျွဲ ၃ ကောင်အချင်းချင်း ခတ်နေကြရာကနေ တစ်ကောင်က အရိုင်း စိတ်ဝင်သွားလို့ ဖြစ်မယ် ထင်ပါတယ်။ ရပ်ကွက်ထဲဝင်လာပြီး လူတွေကို လိုက်ခတ်ပါတယ်။ လူ ၃ ယောက်ဒဏ်ရာရသွားပါတယ်” ဟု နယ်ထိန်း ခေါင်းဆောင် ရဲအုပ် ညီညီက ပြောသည်။

သို့သော်လည်း ဒဏ်ရာမှာ မပြင်းထန်သဖြင့် ဆေးကုသမှုခံယူပြီး ဆေးရုံကဆင်းသွားကြပြီ ဖြစ်ကြောင်း သိရသည်။

၎င်းကျွဲမှာ ၈ နှစ်သားအရွယ် ဦးချိုဝိုင်းနှင့် ကျွဲဖြစ်ပြီး နေ့လယ် ၁၂ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရွာသားများက ၀ိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

ကျွဲအခတ်ခံရသူများ၏ အမည်နဲ့ ရပ်ကွက်ကို အတည်မပြုနိုင်သေးကြောင်း၊ ကျွဲပိုင်ရှင်များကိုလည်း ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း ဒုရဲအုပ် ညီညီက ဆက်လက် ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် လယ်ယာထွန်စိုက်ပျိုးရာတွင် နွားထက် ကျွဲကို အသုံးပြုကြသည်။