English News

မယူကမ်းစေတီပြင်နယ်မြေ အောက်နန်းရာဘင်္ဂလီရွာမှ ဒေသန္တရ လက်လုပ်မိုင်း ၆ လုံးတွေ့ရှိ

နိရဉ္စရာ၊ စက်တင်ဘာ ၁၄

21728243_1659323264079744_4517940901652777915_n

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူကမ်း စေတီပြင်နယ်မြေအတွင်းရှိ အောက်နန်းရာ ဘင်္ဂလီကျေးရွာမှ ဒေသန္တရ လက်လုပ်မိုင်း ၆ လုံးကို စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းက ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်ဟု သတင်းရရှိသည်။

၎င်းမိုင်းများကို စေတီပြင်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပေါက်ပင်ရင်း ရခိုင်ရွာသို့ ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပို့ပြီး အပြန် ညနေ ၃ နာရီ ၁၀ မိနစ်တွင် အောက်နန်းကျေးရွာ အနီး လမ်းဘေးတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရွာအနီး လမ်းဘေး၌ မသင်္ကာဖွယ် ပလပ်စတစ်စအား တွေ့ရှိသဖြင့် တူးဖော်ခဲ့ရာ ကားပစ္စတင်ဖြင့်ပြုလုပ်ထားသည့် အရှည် ၁၂ လက်မ၊ အချင်း ၄ လက်မ ခန့်ရှိ ဒေသန္တရ လက်လုပ်မိုင်း ၂ လုံး၊ သံပိုက်ဖြင့်ပြုလုပ်ထားသည့် အရှည် ၉ လက်မ၊ အချင်း ၂ လက်မခန့်ရှိ ဒေသန္တရ လက်လုပ်မိုင်း ၄ လုံး စုစုပေါင်း ဒေသန္တရ လက်လုပ်မိုင်း ၆ လုံး တွေ့ရှိခဲ့ကြောင်း၊ ၎င်းမိုင်းများအား သက်မဲ့ပြုလုပ်ပြီး သိမ်းဆည်းခဲ့ရကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့က သတင်းထုတ်ပြန်သည်။

21731140_1659324530746284_4379286495384593481_n

အောက်နန်းရာ ကျေးရွာသည် စက်တင်ဘာ ၃ ရက်နေ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား လူပေါင်း ၆၀၀ ခန့်ဖြင့် တုတ်ဓါးဂျင်ဂလိများကိုင်ဆောင်ကာ ၀ိုင်းဝန်းတိုက်ခိုက်ခဲ့သည့် ဘင်္ဂလီကျေးရွာ တစ်ရွာ ဖြစ်သည်။

၎င်းကျေးရွာတွင် အိမ်ခြေ ၃၉၂ ရှိပြီး ရွာသား ၃၉၁၄ဦးရှိကာ ယခုအခါ ရွာကို မီးရှို့ပြီး ကျေးရွာသားများမှာ တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးသွားကြသည်ဟု သိရသည်။