Advertising
English News

မရမာကြီးအမျိုးသားနေ့ စစ်တွေတွင် ကျင်းပမည်

နိရဉ္စရာ၊ မေ ၈

31960209_1916546958357372_4911978157394886656_n

ရခိုင်မျိုးနွယ်စုဝင် တစ်ခုဖြစ်သည့် မရမာကြီး လူမျိုးတို့၏ အမျိုးသားနေ့ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လာမည့် မေ ၂၉ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။

တတိယ အကြိမ်မြောက် မရမာကြီးအမျိုးသားနေ့ကို ရခိုင်/မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်၊ ကဆုန်လပြည့်နေ့ (၂၉-၅-၂၀၁၈) တွင် စစ်တွေမြို့ ကုန်သည်လမ်းရှိ မရမာကြီးပရိယတ္တိစာသင်တိုက်(ဟောင်း)၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မရမာကြီးလူမျိုးသည် ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဖြစ်ကြပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်သာမက ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင်လည်း အများအပြားနေထိုင်ကြသည်။