Advertising
English News

မာန်အောင်တွင် ရေလုပ်သားတစ်ဦး ငါးဖမ်းစက်လှေပေါ်မှ ပြုတ်ကျ သေဆုံး

အောင်လင်းထွန်း (မာန်အောင်)
နိရဉ္စရာ၊ ဇူလိုင် ၇

36756850_1989123381099729_326736196774395904_n

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ သစ်ဝအုပ်စု၊ ဇရပ်ကုန်းခင်ကျေးရွာတွင် ရေလုပ်သားတစ်ဦး ငါးဖမ်းစက်လှေမှ ရေထဲသို့ ပြုတ်ကျ သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ဇရပ်ကုန်းခင် ကျေးရွာမှ ငါးဖမ်း စက်လှေတစ်စီးတွင် လာရောက် အလုပ် လုပ်ကိုင်နေသူ မြောက်ဦးမြို့နယ်၊ ဘာညိုကျေးရွာမှ ကိုကျော်စိုး (၃၂)နှစ် ဖြစ်ကြောင်း မာန်အောင်မြို့နယ် သစ်ပုံရဲကင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

” မနေ့ ည ၁၁ နာရီခန့်မှာ ဇရပ်ကုန်းခင်းချောင်းမှာ ဆိုက်ကပ်ထားတဲ့ စက်လှေပေါ်ကနေ အိပ်ပျော်နေစဉ် ရေထဲ ပြုတ်ကျသွားခဲ့တယ်။ ဒီကနေ့ မနက် ငါးနာရီမှာ သူရဲ့ အလောင်းကိုရတယ်။ အခု အလောင်းကို မာန်အောင်မြို့နယ် ဆေးရုံကို ပို့ဆောင်နေပါ တယ်” ဟု သစ်ပုံရဲကင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

မာန်အောင်မြို့နယ် ဆေးရုံသို့ ရင်ခွဲစစ်ဆေးရန် ပို့ဆောင်ထားပြီး သေမူသေခင်းအဖြစ် အမူဖွင့် ဆောင်ရွက်သွာမည်ဟု တာဝန်ရှိသူကထပ်မံပြောကြားသည်။