Advertising
English News

မာန်အောင်မြို့နယ်ကမားကျေးရွာတွင် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကျင်းပ

အောင်လင်းထွန်း(မာန်အောင်)
နိရဉ္စရာ၊ စက်တင်ဘာ ၉ရက်

41376736_2091064097572323_1020611210237706240_n

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ကမားကျေးရွာတွင် (၇၉) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ရခိုင်အမျိုးသားပါတီမှ ဦးဆောင်ပြီး ကမားရွာတွင် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမနေ့ကို ကျင်းပရတဲ့ ရည်ရွယ် ချက်ကတော့ ဆရာတော်ဦးဥတ္တမဟာ ရခိုင်တစ်ခုတည်းအတွက် လုပ်ဆောင်ခဲ့တာ မဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေး၊ အာရှတိုက်တစ်ခုလုံး အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေး အတွက် မျိုးစေ့ချ လုပ်ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ ဒီလို ရခိုင်သားထဲက အာရှနိုင်ငံတွေ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ဆရာတော် ဦးဥတ္တမကို ဂုဏ်ပြုလိုတဲ့ အတွက် ခုလို ဂုဏ်ပြုပူဇော်ပွဲ ပြုလုပ်ရတာ ဖြစ်ပါတယ်”ဟု ကမားကျေးရွာ ရခိုင်အမျိုးသား ပါတီဥက္ကဋ္ဌ ဦးမောင်စံနုမှ ပြောကြားသည်။

ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားသို့ ဒေသခံပြည်သူ ၁၅၀ ခန့်တက်ရောက်ခဲ့ပြီး အခမ်းအနား အပြီးတွင် ကမားကျေးရွာအတွင်း စီးတန်းလှည့်လည်ပြီး ဆရာတော်ကို ဂုဏ်ပြုခဲ့ကြသည်ဟု ဆိုသည်။

ကမားကျေးရွာ ရခိုင်အမျိုးသား ပါတီဥက္ကဋ္ဌ ဦးမောင်စံနုမှ ဆရာတော်ဥတ္တမနေ့ အောက်မေ့ ဂုဏ်ပြုပွဲ အခမ်းအနားကို ရခိုင်ပြည်နယ်တွင်သာမက တစ်ခြား ပြည်နယ်နှင့် တိုင်းများတွင်လည်း ကျင်းပ ပြုလုပ်သည့်ဟု လောင်းပြောကြားသည်။

အခမ်းနားသို့ တက်ရောက်လာသူ ဒေါ်အောင်ကြည် မှ “ဆရာတော် ဦးဥတ္တမဟာဆိုရင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရေးအတွက် လမ်းပြခဲ့သူ တစ်ယောက်ဖြစ်တယ်။ ခုလို ဆရာတော် ဥတ္တမနေ့ကို ကျင်းပပြီး ဆရာတော်ကို ဂုဏ်ပြုပွဲ လုပ်တဲ့အတွက် အရမ်း ဝမ်းသာပီတိ ဖြစ်မိ ပါတယ်” ဟု ပြောကြားသည်။