Advertising
English News

မာန်အောင်မြို့ သိမ္ဗလကမ်းခြေ အပန်းဖြေ ရေကစားသူများဖြင့် စည်ကား

အောင်လင်းထွန်း(မာန်အောင်)
နိရဉ္စရာ၊ ဇွန် ၃

34306067_1942532829092118_5265558363625750528_n

ရခိုင်ပြည်နယ် မာန်အောင်မြို့ သိမ္ဗလကမ်းခြေတွင် ယနေ့ အပန်းဖြေ ရေကစားသူများဖြင့် အထူး စည်ကားနေသည်။

ယနေ့ အထူးစည်ကားရခြင်းမှာ တနင်္ဂနွေနေ့ဖြစ်သည့်အပြင် ဆယ်တန်းအောင်စာရင်း ထွက်ပြီးနောက် လူငယ်များ ပျော်ပျော်ပါးပါး ရေကစားရန်လာကြသလို မိုးဦးကာလဖြစ်သဖြင့် ပင်လယ်ကမ်းခြေသို့ ဒေသခံများ ရေကစားရန်နှင့် အပန်းဖြေ အနားယူရန် လာရောက်ကြ၍ စည်ကားနေခြင်း ဖြစ်ကြောင်း သိရသည်။

34268883_1942533195758748_244318909690281984_n

ယနေ့ သိမ္ဗလ ကမ်းခြေသို့ အပမ်းဖြေ ရေကစားရန် ရောက်နေသူ လူဦးရေ ထောင်နှင့်ချီပြီး ရှိသည်ဟု သိရသည်။