Advertising
English News

မာန်အောင် ဆားချက်ရွာတွင် လေဆင်နှာမောင်းကျ၍ အိမ် ၄ လုံးပျက်စီး

စိုးဇံအောင်(တောင်ကုတ်)
နိရဉ္စရာ ဇွန် ၁၃

35135050_1953322711346463_5853814985909600256_n

ရခိုင်ပြည်နယ်မာန်အောင်မြို့ဆားချက်ကျေးရွာ၌ယနေ့ ဇွန်လ ၁၃ ရက်နံနက် ၇ နာရီကျော်က လေဆင်နှာမောင်းကျပြီး လူနေအိမ်များပျက်စီးဆုံးရှုံးခဲ့သည်ဟုမာန်အောင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မာန်အောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးမြင့်လှိုင်မှ လူ နေအိမ် ၄ လုံးပျက်စီးဆုံး သွားသည်ဟု ပြောကြားသည်။

“ ဆားချက်ကျေးရွာ အုပ်ချုပ်ရေးမှူးက အပျက်အစီးတင်ရာမှာ အိမ် ၄ လုံးပျက်စီးတယ်လို့ တင်ထား ပါတယ်။ ဒီကနေ့ မနက် ၇ နာရီကျော်မှာဖြစ်တာပါ။ တစ်ချို့အိမ်တွေက အခေါင်မိုး လန်သွားတာမျိုးတွေလည်း ရှိပါတယ်။ လူတွေဘာမှ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ပါဘူး” ဟု ၎င်းက ဆက် လက်ပြောသည်။

မာန်အောင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ကြပ် ညီမောင် က “လေဆင်နှာမောင်း တိုက်တယ် လို့တော့ သိရပါတယ်။ အဲ့ဒါအခုပျက်စီးဆုံးရှုံးမှုကိုသိရအောင် မြို့နယ်မှူးတို့ သွားရောက်ကြည့်ရှု နေပါတယ်။အခုလောလောဆယ် တော့အတိအ ကျမသိရသေးပါဘူး”ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။