Advertising
English News

မာန်အောင် အိုးဝ အထက(ခွဲ) ၂ နှစ်ဆက်တိုက် ဆယ်တန်းအောင်မြင်သူ မရှိခြင်းမှာ ဆရာမလုံလောက်၍ဟုဆို

အောင်လင်းထွန်း(မာန်အောင်)
နိရဉ္စရာ၊ ဇွန် ၈

34841729_1947720501906684_3021853068644843520_n

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် အိုးဝကျေးရွာ အထက (ခွဲ) ကျောင်းတွင် (၂) နှစ် ဆက်တိုက် ကျောင်းသား တစ်ဦးမှ တက္ကသိုလ်ဝင်တန်း မအောင်မြင်ခြင်းမှာ ဆရာ ဆရာမ မလုံလောက်၍ ဖြစ်ကြောင်း အမည်မဖော်လိုသော ၎င်းကျေးရွာမှ ပညာရေး ၀န်ထမ်းတစ်ဦးက ပြောသည်

“ကျွန်တော်တို့ ကျောင်းမှာက ၂၀၁၇က ဆယ်တန်းအတွက် ဆရာ ဆရာမ နှစ်ယောက်ဘဲရှိတယ်။ သုံးယောက်မှာ တစ်ယောက်က နှစ်ဝက်လောက်မှာ ပြောင်းသွားတယ်။ လူစားရောက်မလာဘူး။ ဒီဆရာမ နှစ်ယောက်တည်းကနေ အဆင်ပြေအောင် ဘာသာစုံပြနေရတယ်။ ဘာသာရပ်အလိုက် သင်ပြတာ အားနည်းတဲ့ အတွက် ၂ နှစ်ဆက်တိုက် ဆယ်တန်းအောင်မြင်သူ မရှိဘဲ ဖြစ်သွား ရပါတယ်”ဟု ၎င်းပညာရေးဝန်ထမ်းက နိရဉ္စရာသတင်းဌာန သို့ ခုလိုပြောကြားသည်။

ဆရာမ နှစ်ဦးမှာ ဆယ်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဓာတုနှင့် ရူပဗေဒ ဘာသာရပ်များကို သင်ပြနိုင်ပြီး ကျန်ဘာသာရပ်များကို သင်ကြားနိုင်ခြင်း မရှိကြောင်း ၎င်းကဆိုသည်။

ဆယ်တန်းအောင်မြင်သူ မရှိသဖြင့် လွန်ခဲ့သောနှစ်က အိုးဝ အထကခွဲတွင် ဆယ်တန်း ကျောင်းသား၂၃ ဦးရှိခဲ့ရာမှ ယခုနှစ်တွင် ကျောင်းပြောင်းသွားခဲ့ကြသဖြင့် ကျောင်းသား ၉ ဦးသာ ကျန်ကြောင်း သိရသည်။

” ၂၀၁၈မှာတော့ ဆရာ နှစ်ဦး တိုးတယ်။ ဆရာ လေးယောက်နဲ့တော့ အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် ကျောင်းသားတွေက တစ်ခြားကျောင်းကိုပြောင်းကုန်ကြပြီ” ဟု ၎င်းက ထပ်မံပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ပညာသင်နှစ်တွင် အထက်တန်းကျောင်း ၁၇ ကျောင်း၊ အထက်တန်း ကျောင်းခွဲ ၄၀ တိုးမြှင့်ပေးခဲ့ပြီး ပြည်နယ် တစ်ခုလုံးအတွက် အထက်တန်းပြဆရာ ၆၇၈ ဦး လိုအပ်နေကြောင်း ပြည်နယ် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက ထုတ်ဖော်ပြောကြားထာ