Advertising
English News

မိုးအဆက်မပြတ်ရွာသွန်း၍ စစ်တွေ-ရန်ကုန်ကားလမ်းဆက်သွယ်ရေးပြတ်တောက်

နိရဉ္စရာ၊ ဇွန် ၁၀

34892254_1950170484995019_2968824481830666240_n

ရခိုင်ပြည်နယ် အတွင်း မိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် စစ်တွေ- ရန်ကုန်ကားလမ်း ရေကျော်မှု၊ မြေပြိုမှုများ ရှိနေသဖြင့် လမ်းပိတ်ပြီး အသွားအလာရပ်တန့်နေကြောင်း သတင်းရရှိသည်။

အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ အုပ်ချုပ်ရေးမှူးက “ ဒီနေ့ ညနေပိုင်းမှာ ယခင်နှစ်က ရေကျော်ပြီး မြေပြိုတဲ့ နေရာမှာဘဲ ထပ်ဖြစ်တဲ့ အတွက် ကားလမ်းပိတ်ထားရပါတယ်” ဟု ပြောကြားသည်။

၎င်းကားလမ်းပိုင်းများမှာ အမ်းနဲ့ ရွာသာယာအကြား မိုင်တိုင် ၄၇ ဖာလုံ၊ အမ်းမြို့နယ် ရွာသာယာကျေးရွာ အနီး မိုင်တိုင် ၅ မိုင် ၃ ဖာလုံ၊ ကြိမ်ချောင်း ကျေးရွာ မိုင်တိုင် ၁၃ မိုင် ၂ ဖာလုံ၊ မဲလမောင်း ကျေးရွာ ၁၇ မိုင် ၃ ဖာလုံနဲ့ ၄ ဖာလုံအကြားတို့ဖြစ်ကြောင်း သိရသည်။

“ အမ်းနဲ့ မင်းဘူးကြားမှာ မြေပြိုပြီး လမ်းပိတ်ခဲ့ပါတယ်။ အခုတော့ ပြန်ပွင့်သွားပါပြီ။ အလားတူ အမ်းနဲ့ မအီကြားမှာလည်း မိုးရွာတော့ မြေပြိုပြီး ကားလမ်းပိတ်ခဲ့ပါတယ်။ အခုတော့ ပြန်ကောင်းသွားပါပြီ။ စစ်တွေ- အမ်းလမ်းလည်း မိုးဆက်မရွာရင်တော့ များမကြာမီ ပြန်ပွင့်နိုင်ပါတယ်” ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အမ်းမြို့နယ်အတွင်း ရေနစ်မြုပ်ပြီး လောလောဆယ်တွင် အသွားအလာ လုံးဝ ပြတ်တောက်နေကြောင်းအုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

(ဓာတ်ပုံ- Tun Kywal kpu)