English News

ယခုနှစ် ရခိုင်ပြည်နယ် ဆယ်တန်း အောင်ချက်ရာခိုင်နုန်း ၂၁ ဒဿမ ၁၇ သာရှိ

(နိရဉ္စရာ- ၁၈ ဇွန် ၂၀၁၃)

ယခုနှစ် ရခိုင်ပြည်နယ်၏  ဆယ်တန်းအောင်ချက် ရာခိုင်နုန်းမှာ ၂၁ ဒဿမ  ၁၇ ရှိပြီး ယခင်နှစ်နှင့် နိုင်းစာလျှင် အောင်ချက် ရာခိုင်နုန်းကျသွားကြောင်း  ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦး အမျိုးသမီး တစ်ဦးက ပြောကြားသည်။

Exam-resultsယခုနှစ် ဆယ်ဆန်းစာမေးပွဲတွင် ရခိုင်ပြည်နယ်မှ  ၆ ဘာသာ ဂုဏ်ထူးရှင် (၈) ယောက်ရရှိခဲ့ပြီး ၅ ဘာသာ ဂုဏ်ထူးရှင် (၁၂) ယောက် ရရှိခဲ့သည်ဟု သူမက ပြောကြားသည်။

တစ်ခြား ၄ဘာသာ ဂုဏ်ထူးရှင်မှာ (၂၀) ယောက်၊ ၃ ဘာသာ ဂုဏ်ထူးရှင်မှာ (၃၂) ယောက်၊  ၂ ဘာသာ ဂုဏ်ထူးရှင်မှာ (၇၃ ) ယောက်နှင့်  တစ်ဘာ ဂုဏ်ထူးရှင်  (၅၈၉) ယောက် ရရှိခဲ့သည်ဟု ဆိုသည်။

၆ ဘာသာ ဂုဏ်ထူး (၈) ယောက်ထဲတွင် စစ်တွေမြို့က ၅ ယောက်၊ မြောက်ဦး၊ မြေပုံ နှင့်  တောင်ကုတ် အထကတို့မှ တစ်ယောက်စီ ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အောင်ချက် ရာခိုင်နုန်း ယခုနှစ်တွင် နိမ့်ကျသွားရခြင်းနှင့် ပတ်သက်ပြီး  အကြောင်းအရင်းကို မေးမြန်းရာ သူမ အနေဖြင့် အဆိုပါ မေးခွန်းကို ဖြေဆိုရန် ခက်ခဲကြောင်း၊ သက်ဆိုင်ရာ ပြည်နယ် အဆင့် အရာရှိများသာ ဖြေကြားနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

၂၀၀၉-  ၂၀၁၀ ပညာ သင်နှစ် အတွင်းက ရခိုင်ပြည်နယ် အတွင်းက ၆ ဘာသာ ဂုဏ်ထူးရှင် ၂၀ ထိရှိခဲ့ပြီး တဖြည်းဖြည်း ဂုဏ်ထူးရသူ အရေ အတွက် လျှော့နည်းလာခဲ့ရာ ယခုနှစ်တွင် ၆ ဘာသာ ဂုဏ်ထူးရှင် (၈) ဦးသာ ထွက်ပေါ်ခဲ့သည်ဟု သိရသည်။

ယခုနှစ် တိုင်းနှင့် ပြည်နယ် ၁၄ ခုထဲတွင် အောင်ချက်ရာခိုင်နုန်း အများဆုံး ဖြစ်သော မွန်ပြည်နယ်၏ အောင် ချက် ရာခိုင်နုန်းမှာ ၄၇ ဒဿမ ၃၈ ရှိကြောင်း သိရှိရသည်။