English News

ယူကေရောက်မြန်မာနိုင်ငံသားများ ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်မည်

နိရဉ္စရာ၊ အောက်တိုဘာ ၈

ယူကေ (ဗြိတိန်) ရောက်မြန်မာနိုင်ငံသူ မြန်မာနိုင်သားများအနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ရပ်တည်လျက်ရှိနေကြောင်းကို ထုတ်ဖော်ပြသမည့် ဒုတိယအကြိမ်မြောက် ဆန္ဒဖော်ထုတ်ပွဲကို လာမည့် အောက်တိုဘာ ၁၄ ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

အောက်တိုဘာ ၁၄ ရက် နေ့လယ် ၁ နာရီတွင် Parliament Square တွင် စုဆုံကြမည်ဖြစ်ပြီး နေ့လယ် ၁နာရီ ၄၅ မိနစ်တွင် အမှတ် ၁၀ Downing လမ်းသို့ ချီတက်ကြမည်ဖြစ်ကြောင်း၊ မွန်းလွဲ ၂ နာရီမှ ၂ နာရီ ၄၅ မိနစ်ထိ ဆန္ဒထုတ်ဖေါ်ကြမည်ကြောင်း၊ ၎င်းမှတဖန် FCO ရုံးရှေ့သို့ချီတက်ကြမည်ဖြစ်ကာ ညနေ ၃ နာရီမှ ၃ နာရီ ၄၅ မိနစ် အထိ ၎င်းရုံးရှေ့တွင် ဆန္ဒထုတ်ဖေါ်ကြမည် ဖြစ်ကြောင်း သိရှိရသည်။

၎င်းနောက် ယူကေနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးသို့ သို့ စုပေါင်းသွားရောက်ကြမည် ဖြစ်ပြီး ရခိုင်ပြည်နယ် ဘက်ပေါင်းစုံ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် ကောက်ခံရရှိထားသော အလှူငွေများကို မြန်မာသံရုံးအကြီး အကဲများထံသို့ လွဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ယ္ခုအချိန်မှာ ရခိုင်အရေးနှင့် ပတ်သက်၍ အမှန်တရားများ စတင်ပေါ်ပေါက်လာပြီဖြစ်၍ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံ အစိုးရအား ဖိအားပေးမှုများ ကင်းစင်ပပျောက်စေရန်အတွက်လည်းကောင်း၊ အမိနိုင်ငံတော် အန္တရာယ်မှ ကင်းဝေး စေရန်အတွက်လည်းကောင်း၊ ရခိုင်ပြည်နယ် အမြန်ဆုံး အေးချမ်းစေရန်အတွက်လည်းကောင်း၊ ဒီမိုကရေစီ စနစ်သို့ ချီတက် လျှောက်လှမ်းရာတွင် အနှောင့်အယှက်များ ကင်းဝေးစေရန်အတွက်လည်ကောင်း၊ သာယာဝဖြိုးသော- တိုးတက်သော- ငြိမ်းချမ်းသော မြန်မာနိုင်ငံတော် ကြီး ဖြစ်ပေါ်စေရန် ရည်ရွယ်၍ လည်းကောင်း ဆန္ဒဖော်ထုတ် သွားမည် ဖြစ်ကြောင်း ဦးဆောင်လူပ်ရှားသူများထဲမှ တစ်ဦးဖြစ်သူ ဦးမင်းလွင်က ပြောကြားသည်။

ယူကေရောက် မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများအနေဖြင့် သွေးစည်းညီညွတ်မှုကို ဖော်ထုတ်ပြသနိုင်ရန် အတွက် အားလုံးစုပေါင်း လာရောက် ဆန္ဒ ထုတ်ဖေါ် ပြသကြရန်လည်း ဆန္ဒဖော်ထုတ်ပွဲ စီစဉ်သူများက ပြောဆိုသည်။