Advertising
English News

ရခိုင်ဆန် ပြင်ပ၀ယ်လိုအားများနေ၍ ဈေးမြှင့်တက်

မာန်ယုကျော် (ရွှေဝမြေ)
နိရဉ္စရာ၊ ဇူလိုင် ၃ဝ

38025468_2026997433978990_8596869439469649920_n

ရခိုင်ပြည်နယ်ပြင်ပမှ ဆန်ဝယ်လိုအားများနေ၍ လက်ရှိ ရခိုင်တွင် ဆန်ဈေးမြင့်တက်နေကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်မှထွက်ရှိသည့် ဆန်နှင့်စပါးများကို ရန်ကုန်နှင့် မန္တလေးအပါအဝင် တစ်ဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ထိ တင်ပို့မှုများနေသည့် အတွက် ယခုကဲ့သို့ ဈေးမြှင့်တက်နေခြင်း ဖြစ်ကြောင်း ပွဲရုံပိုင်ရှင်များက ပြောသည်။

” ဟိုဘက် ဒီဘက် ဆန်တွေ အဆွဲများတော့ နယ်တွေမှာလည်း စပါးတွေက နည်းနည်း ပြတ်လာ ကြတယ်လေ။ ဒါကြောင့် ဈေးတက်နေတာဖြစ်ပါတယ်”ဟု ဆန်ပွဲရုံပိုင်ရှင်တစ်ဦးဖြစ်သူ ဦးမောင်မောင်သန်းက နိရဉ္စရာသို့ ပြောသည်။

ဆန်စပါးများ ပေါ်ဆန်မွှေးတစ်အိတ်လျှင် ဧပြီလက ကျပ် ၃ သောင်းခြောက်ထောင် ခန့်သာ ရှိခဲ့သော်လည်း ဇူလိုင်လအတွင်း ကျပ် ၄၄ဝဝဝ အထိ ထိုးတက်လာနေသည်။ အလားတူ ရွှေဝါထွန်း တစ်အိတ်လျှင် ဧပြီလက ၃ သောင်းကျပ်ခန့်သာရှိခဲ့ရာမှ ဇူလိုင်လအတွင်း ကျပ် ၃ သောင်းခွဲ၊ ၄ သောင်းနီးပါးအထိ ထိုးတက်လာခဲ့သည်ဟု သိရသည်။

“မိုးဦးကျရာသီတွေမှာဆိုရင် များသောအားဖြင့် ဒီလိုမျိုး တက်တတ်တယ်။ သူက အစဉ်အလာလို ဖြစ်နေတယ်။ ဒီနှစ်တော့ နည်းနည်းပါးပါး အရင်နှစ်တွေကထက် အတက်နည်းနည်းမြန်တယ်။”ဟု ဆန်ပွဲရုံပိုင်ရှင်တစ်ဦးဖြစ်သူ ဦးစံကျော်ရွှေက ပြောသည်။

ရခိုင်ပြည်နယ်သည် ဆန်စပါး အဓိက စိုက်ပျိုးသည့် ဒေသတစ်ခုဖြစ်ပြီး ထွက်ရှိသည့် စပါးမှာ ပြည်နယ်တွင်း စားသုံးရန်ဖုံလှုံသည်သာမက ရခိုင်ပြည်နယ် ပြင်ပသို့ တင်ပို့ရောင်းချကြရသည်။

ယခုကဲ့သို့ ဆန်စပါးဈေး မြှင့်တက်လာသဖြင့် လက်လုပ်လက်စားများအနေဖြင့် ဈေးကြီးပေးပြီး စားသုံးနေရသဖြင့် အခက်ကြုံနေရကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ – ဈေးကွက်အတွင်းရောင်းချနေသည့် ဆန်များအားတွေ့ရစဉ်။