Advertising
English News

ရခိုင်မှ အမ်း-မအီကားလမ်းရေတိုက်စား၍ ပြတ်တောက်

နိရဉ္စရာ၊ ဇွန် ၁၁

35050816_1950923101586424_3195091643975860224_n

ရခိုင်ပြည်နယ်အတွင်းမိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် အမ်း-မအီ လမ်းရေတိုက်စား၍ကားလမ်း ပြတ်တောက် သွားခဲ့သည်ဟု သတင်းရရှိသည်။

ကားလမ်းမှာ ပဒဲကြောလမ်းပိုင်း ကျိုးပြတ်သွား၍ သွားလာ၍ မရဖြစ်နေသဖြင့် အမ်း၊ရမ်းဗြဲ၊ကျောက်ဖြူ ခရီးသည်နှင့် အမ်း၊မအီ၊တောင်ကုတ်၊သံတွဲ ခရီးသည်များ အထူး အခက်အခဲကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

ဓာတ်ပုံမှာ ယနေ့ ဇွန် ၁၁ ရက် နံနက် ၇ နာရီတွင် ရိုက်ယူထားသည့် ဓာတ်ပုံဖြစ်ကြောင်း ကိုဇော်လင်းအောင်ပို့စ်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ: Nyo Nyo Lay.