Advertising
English News

ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ငြိမ်းချမ်းရေး ပင်လုံညီလာခံတွင် မိန်းခွန်းစကားပြောကြားမည်

နိရဉ္စရာ၊ ဇူလိုင် ၁၀

36881992_1994696080542459_2951593206183100416_n

ဇူလိုင် ၁၁ ရက်နေ့တွင် စတင်ကျင်းပမည့် တတိယ အကြိမ် ငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံ ဖွင့်ပွဲတွင် ရခိုင်အမျိုးသားပါတီမှ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန် မိန်းခွန်းစကား ပြောကြားသွားမည်ဟု သတင်းရရှိသည်။

“ ကျွန်တော်တို့ပါတီက ညီလာခံ ဖွင့်ပွဲမှာ မိန်းခွန်းပြောခွင့်ရပါတယ်။ ဒုဥက္ကဋ္ဌ (၁) ဖြစ်တဲ့ ဆရာမ ဒေါ်အေးနုစိန်က ပါတီကိုယ်စား ပြောကြားသွားမှာ ဖြစ်ပါတယ်” ဟု ANP ပါတီမှ ထိပ်ပိုင်း ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဦးလှစောက ပြောကြားသည်။

ယခုအခါ မိန်းခွန်းအတွက် ပြင်ဆင်ပြီးစီးသွားပြီဟုလည်း သိရသည်။

“ အဓိကတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဒီညီလာခံကို တက်ရောက်ခွင့်ရတဲ့ အပေါ်မှာလည်း ချီးကျူးဂုဏ်ပြုတဲ့ အကြောင်းတွေကို ပြောဆိုသွားမှာ ဖြစ်ပါတယ်” ဟု ဦးဦးလှစောက ပြောကြားသည်။

ယခုတတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံတွင် ရခိုင်အမျိုးသားပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်လည်း သဘာပတိ အဖြစ်ဆောင်ရွက်ခွင့် ရရှိထားည်ဟု သိရှိရသည်။