English News

“ရခိုင်အသင်း ကိုးရီယား” အဖွဲ့ဝင်များ ကူညီထောက်ပံ့ရန် မောင်တောမြို့သို့ ထွက်ခွာ

နိရဉ္စရာ၊ စက်တင်ဘာ ၁၁

21558567_1642054409139963_6315206781761325058_n

ရခိုင်ပြည်နယ် စစ်တွေမြို့ ရှိ “ရခိုင်အသင်း ကိုးရီးယား” အဖွဲ့ ဝင်များသည် အကြမ်းဖက် ဘင်္ဂလီ များ၏ ရန်မှ ရှောင်ရှား ထွက်ပြေးလာကြသည့် ရခိုင်တိုင်းရင်းသား ညီအစ်ကို မောင်နှမများအား အကူအညီ အထောက်ပံ့များ ပေးအပ်ရန် အတွက် စစ်တွေမြို့မှ မောင်တောမြို့သို့ ယနေ့နံနက်က ကုန်တင် မော်တော်ဘုတ် တစ်စီးဖြင့် ထွက်ခွာသွားခဲ့ကြသည်ဟု ရခိုင်အသင်းကိုရီးယား အထွေထွေအတွင်းရေးမှူး ဦးကိုကိုနိုင်က ပြောသည်။

ကူညီထောက်ပံ့ပေးမည့် ပစ္စည်းများမှာ ဆန် ၊ဆီ ၊ဆား ၊ငါးသေတ္တာ နှင့် စားသောက်ဖွယ်ရာများဖြစ်ပြီး စုစုပေါင်း ကျပ်သိန်း (၁၀၅ ) သိန်းဖိုးခန့်ရှိကြောင်း သိရသည်။

21616033_1642054565806614_4832026410939129324_n

ယခု ကူညီထောက်ပံ့မှုမှာ ပထမအကြိမ် ဖြစ်ကြောင်း ဦးကိုကိုနိုင်က ပြောကြားသည်။

အလှူငွေများကို တောင်ကိုရီးယားရောက် ဆရာတော် သံဃာတော်များ၊တောင်ကိုးရီးယားနိုင်ငံရှိ မြန်မာ အသင်းအဖွဲ့ များ ၊တောင်ကိုးရီယားရှိ မြန်မာ စားသောက်ဆိုင် နှင့် ဖုန်း အရောင်း ဆိုင်များ၊`ရခိုင်အသင်း ကိုးရီးယား ´ မှ ညီ အစ်ကိုများ၊ ကိုရီယား ရောက် မြန်မာ ညီ အစ်ကိုများ၊ တောင်ကိုးရီးယား ပြန် ရခိုင်အသင်းဝင် ညီအစ်ကိုများနှင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်များမှ ထည့်ဝင် လှူုဒါန်းထားခြင်း ဖြစ်ကြောင်း သိရသည်။