English News

ရခိုင်အနောက်ဘက်အရေးနှင့် ပတ်သက်ပြီး စစ်တွေတွင်ဆွေးနွေးပွဲ ပြုလုပ်

နိရဉ္စရာ၊ အောက်တိုဘာ ၁

22089612_1690588877619849_361341983050768454_n

ရခိုင်အနောက်ဘက် နယ်စပ်အရေးနှင့် ပတ်သက်ပြီး ရဟန်းတော်များ၊ စစ်တွေဒေသခံများ စုဆုံပြီး စစ်တွေ ဘုရားကြီးတွင် ဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်နေကြောင်း သတင်းရရှိသည်။

၎င်းဆေးနွေးပွဲတွင် ရခိုင်ပြည်နယ်တွင် လူမျိုးတုန်းသတ်ဖြတ်သည်ဟု စွပ်စွဲမှုကိုကန့်ကွက်ရန်နှင့် ဘင်္ဂလာဒေ့ရှ်ကို ထွက်ပြေး တိမ်းရှောင်သွားသည့် အကြမ်းဖက်သမားများအား ပြန်လည် လက်မခံရန် တောင်ဆိုမည့် ကိစ္စရပ်များ အပေါ် အဓိက အလေးထားဆွေးနွေးနေကြောင်း နိရဉ္စရာ သတင်းထောက် နောင်ခိုင်အောင်က ပြောကြားသည်။

တွေ့ဆုံဆွေးနွေးပွဲကို စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်တော်များက ဦးဆောင်ပြီး ကျင်းနေခြင်းဖြစ်ပြီး စစ်တွေမြို့ပေါ်ရှိ ပါတီပေါင်းစုံမှ တာဝန်ရှိသူများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် အမျိုးသားရေး လူပ်ရှားတက်ကြွသူများ တက်ရောက်နေကြောင်း သိရှိရသည်။