Advertising
English News

ရခိုင်အရေးအဖြေရှာမည့် မဟာပညာကျော်စကားဝိုင်း စက်တင်ဘာ ၃၀ နေ့ ရန်ကုန်တွင် ကျင်းပမည်

သိန်းဇော်(မောင်တော)
နိရဉ္စရာ၊ စက်တင်ဘာ ၂၈

42672436_2113521545326578_1717459191473373184_n

ရခိုင်အရေး ဘယ်လိုအဖြေရှာမလဲ ခေါင်းစဉ်ဖြင့် မဟာပညာကျော်စကားဝိုင်း ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် သဇင်လူမှု ဖွံ့ဖြိုးရေးအဖွဲ့ (TCDI) မှ ဦးဆောင်ပြီး စက်တင်ဘာ ၃၀ ရက်နေ့၌ ကျင်းပပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

ဆွေးနွေးပွဲတွင် မြောက်ဦးစစ်တမ်းစာအုပ်ကို ရေးသားသူ/နိုင်ငံရေးနှင့်တိုင်းရင်းသား အရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး ၊ ရှမ်းဒီမိုကရေစီအဖွဲ့ ချုပ် (SNLD) အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင် ၊ ABSDF ဗဟိုကော်မတီဥက္ကဋ္ဌ ရဲဘော်သံခဲ တို့မှ ဦးဆောင် ဆွေးနွေးကြမည်ဟု သိရသည်။

သဇင်လူမှု ဖွံ့ဖြိုးရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်သန်းက “ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်က ကျွန်တော်တို့ ရခိုင် အရေးတွေကို အဖြေရှာတယ်။ ရခိုင့်အရေးဆိုတာထက် အခုဖြစ်နေတဲ့ ဘင်္ဂလီအရေးကို အဖြေရှာတဲ့အခါ ရခိုင်မဟုတ်တဲ့ လူတွေရဲ့အမြင် (တစ်နည်းအားဖြင့်)မြန်မာနိုင်ငံရေး ထဲမှာ ထည့်ထည့်ဝင်ဝင်ပါနေသူတွေရဲ့ အမြင်ကိုထည့်သွင်း စဉ်းစားနိုင်ဖို့ အတွက် အခုလို ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ရတာဖြစ်ပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

၎င်းပြင် ဦးအောင်သန်းက “ ဆိုလိုချင်တာက ကျွန်တော်တို့ ရခိုင်အရေးတွေကို မြင်ကြတဲ့ နေရာမှာ ရခိုင်နဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း အပါအ၀င် အစိုးရတွေကြားထဲမှာ အမြင်တွေက တစ်ထပ်တည်း မကျတာတွေရှိပါတယ်။ အဲလို အနေအထားမျိုးမှာ ရခိုင်နိုင်ငံရေး အကြောင်းကို အထိုက်အလျှောက် သိရှိထားတဲ့ ရခိုင်မဟုတ်တဲ့ လူတွေရဲ့ လူတွေရဲ့ အမြင် သဘောထားကလည်း အရေးကြီးတော့ သူတို့ အမြင်သဘောထားတွေကို အများသိနိုင်အောင် ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်ပါတယ် ” ဦးအောင်သန်းက ဆက်လက် ပြောဆိုသည်

၎င်းစကားဝိုင်းကို စက်တင်ဘာ ၃၀ ရက် (တနင်္ဂနွေနေ့) နေ့လယ် ၂ နာရီ ၃၀ မိနစ် မှ ၅ နာရီအထိ ကမ္ဘာအေးဘုရားလမ်း၊ လမ်းနီမှတ်တိုင် Myanmar plaza အနီးရှိ Media Hotel ပထမထပ်၊ အခန်းနံပတ်(၆) တွင် ပြုလုပ်သွားမည်ဟု သိရသည်။

တက်ရောက်လိုသူများသည် ဖုန်းနံပတ် ၀၉၄၄၈၀၈၀၅၁၁ သို့ ဆက်သွယ် အကြောင်းကြားနိုင်သည်ဟု ကြော်ငြာချက်တွင် ဖော်ပြထားသည်။