Advertising
English News

ရခိုင်ပြည်နယ်မှာ ဘင်္ဂလီများကို စုပုံထားရာ ကုန်တိုက်ကြီးတစ်ခုလိုဖြစ်နေဟုဆို

IMG20181125132922 copy

စိုးဇံအောင် (တောင်ကုတ်)
နိရဉ္စရာ၊ နိုဝင်ဘာ ၂၅

လက်ရှိ ရခိုင်ပြည်နယ်၏ အခြေအနေမှာ ဘယ်ကလာမှန်း မသိသော ဘင်္ဂလီများကို စုပုံထားရာ ကုန်တိုက်ကြီးတစ်ခုနှင့် တူနေကြောင်း ယနေ့ စစ်တွေတွင် ပြုလုပ်သော ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ရာတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် ဒေါ်ကျော့စိန်က ပြောကြားသည်။

ယနေ့ မွန်းလွဲချိန်က စစ်တွေမြို့တွင် ပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲနှင့် ပတ်သက်ပြီး နိရဉ္စရာက မေးမြန်းစဉ် သူမက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ဘင်္ဂလားဒေ့ရှ်ဘက်က ဘင်္ဂလီတွေက ကျွန်မတို့ ရခိုင်ပြည်ထဲခိုးဝင်တယ်။ ခိုးဝင်လာတဲ့ဘင်္ဂလီတွေက ရခိုင်ပြည်နယ်ကတစ်ဆင့် ရန်ကုန်တို့ကို တက်တဲ့အခါကျတော့ အာဏာပိုင်တွေက ဖမ်းတယ်။ ဖမ်းပြီးရင် ဘယ်ကို ပြန်ပို့သလဲဆိုရင် ရခိုင်ပြည်နယ်ထဲကို ပြန်ပို့တယ်။ ပြောရရင် ရခိုင်ပြည်နယ်ဟာ ဘင်္ဂလီတွေ စုပုံထားတဲ့ ကုန်တိုက်ကြီး တစ်ခုလိုဖြစ်နေပြီ”ဟု ဆန္ဒဖော်ထုတ်ပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် ဒေါ်ကျော့စိန်က ပြောဆိုသည်။

၎င်းပြင်သူမက အစိုးရအနေနဲ့ ယခုလို နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာသည့် ခိုးဝင်ဘင်္ဂလီများကို သေချာစိစစ်အရေးယူရန် လိုအပ်ကြောင်း၊ အထောက်အထား တစ်စုံတစ်ရာမရှိဘဲ ခိုးဝင်လာသူမှန်သမျှ ရခိုင်သို့ ပို့နေခြင်းမှာ တရားမျှတမှုရှိသလားဆိုသည်ကို အစိုးရအနေဖြင့် စဉ်းစားသုံးသပ်ရန် လိုအပ်ကြောင်း၊ ယခုလုပ်ရပ်မှာ ရခိုင်လူမျိုးများအနေဖြင့် မခံမရပ်နိုင်ဖြစ်နေသည်ကို သတိချပ်ကြစေလိုကြောင်း သူမက ပြောကြားသည်။

ယနေ့ စစ်တွေတွင် ပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲကို မွန်းလွဲ ၁ နာရီအချိန်မှ စတင် ပြုလုပ်ခဲ့သည်။

ဆန္ဒဖော်ထုတ်သူများသည် စစ်တွေမြို့ဝင်္ကဘာကွင်းမှ စုရပ်လုပ် စတင်ကာ ၎င်းမှ တစ်ဆင့် မင်းဘာကြီးလမ်းဆုံ၊ ၎င်းမှ တစ်ဆင့် ကုန်သည်လမ်း- ရွာကြီးလမ်း- ရွာကြီးမြောက်ဓမ္မာရုံထိ ချီတက်ဆန္ဒဖော်ထုတ်နေကြသည်ဟု သိရသည်။

ဆန္ဒဖော်ထုတ်သူများသည် အချက် (၄) ချက်ကို တောင်းဆိုနေကြရာ ၎င်းတောင်းဆိုချက်များမှာ ရမ်းဗြဲ- ကျောက်နီမော်က ကမန်အမည်ဖြင့်မှတ်ပုံတင်ထုတ်ပေးထားသည့် ဘင်္ဂါလီများကိစ္စအမြန်ဆုံး စိစစ်ပေးရေး၊ မောင်တောတောင်ပိုင်းတွင် ခိုးဝင်ဘင်္ဂါလီများ မထားရှိရေး၊ မောင်တောဒေသတွင် ဘင်္ဂါလီ လူမျိုးကျောင်းဆရာများ မခန့်အပ်ရေး၊နယ်စပ်ဖြတ်ကျော်ဘင်္ဂါလီများ အား အစိုးရမှ စိစစ်အရေးယူပေးရေး စသည်တို့ ဖြစ်ကြသည်။

စစ်တွေမြို့ စည်းထိန်းရဟန်းတော်များအသင်း ဥက္ကဋ္ဌ ဆရာတော် ၀ဏ္ဏသာရက”ပထမဦးဆုံးတစ် ချက်ကတော့ ရမ်းဗြဲကျောက်နီမော်မှာ ကမန်လူမျိုး ၂၀၀ ၀န်းကျင်ပဲရှိတယ်။ဒါကို နိုင်ငံတော်အစိုး ရက ကမန်အမည်နဲ့ ၃၃၀၆ ဦးထိ မှတ်ပုံတင်ထုတ်ပေးတယ်။ဒီကိစ္စကို ကန့်ကွက်တယ်။ဒုတိယတစ် ချက်က မောင်တောတောင်ပိုင်းမှာ ခိုးဝင်ဘင်္ဂလီတွေကို မထားရှိရေးအတွက်ပေါ့။တတိယတစ်ချက် ကတော့ မောင်တော်ဒေသမှာ ဘင်္ဂလီလူမျိုးကျောင်းဆရာခန့်အပ်ထားတာကို ကန့်ကွက်တယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ နိုင်ငံသားစင်စစ် မဟုတ်ဘဲနဲ့ ဒီနိုင်ငံမှာ ၀န်ထမ်းရာထူးခန့်အပ်ထား တာသဘာဝမကျပါဘူး။ နောက်ဆုံးတစ်ချက်ကတော့ နယ်စပ်ဖြတ်ကျော်တဲ့ ဘင်္ဂလီတွေကို အစိုးရ ကထိထိရောက် အရေး မယူသေးဘူး။ စိစစ်အရေးယူပေးဖို့အတွက်ပေါ့။ ဒါကြောင့် အခုလို ဆန္ဒဖော် ထုတ်ရတာဖြစ်ပါတယ်” ဟု နိရဉ္စရာသို့ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် လူပေါင်း ၃၀၀ ခန့် ပါဝင်ခဲ့သည်။