Advertising
English News

ရခိုင်ပြည်နယ်မှ ခရိုင်အလိုက် လူရည်ချွန်စာရင်းထုတ်ပြန်

နိရဉ္စရာ၊ ဧပြီ ၃

29793152_1881195505225851_1174073276740052984_n

ရခိုင်ပြည်နယ် ခရိုင် ၅ ခရိုင်မှ အဋ္ဌမတန်း၊ န၀မတန်းနှင့် ဒသမတန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူများ စာရင်းကို ပညာရေး ၀န်ကြီးဌာနမှ ယနေ့ ထုတ်ပြန် ကြေညာသည်။

အဋ္ဌမတန်းတွင် လူရည်ချွန်ရရှိကြသော ကျောင်းသား ကျောင်းသူများမှာ စစ်တွေခရိုင်မှ မောင်ဥာဏ်စည်မင်း (အထက ၂/စစ်တွေ)နှင့် မဖြိုးကေသီကျော် (အထက ၂/စစ်တွေ)။ မောင်တောခရိုင်မှ မောင်စိုးဝင်း (အထက ၂/ ဘူးသီးတောင်) နှင့် မလင်းမြတ်မိုး (အထက ၁/ ဘူးသီးတောင်)။ မြောက်ဦးခရိုင်မှ မကြယ်စင်လင်းလက် (အထက-သဲတန်း/မြေပုံ)နှင့် မောင်ဖြိုးမင်းသန်း (အထက ၁/ မြောက်ဦး)။ ကျောက်ဖြူခရိုင်မှ မငြိမ်းငြိမ်းယုလှိုင်( အထက- ဇရပ်ပြင်/ ရမ်းဗြဲ)နှင့် မောင်ဟိန်းမင်းသူ (အထက-ဆင်နားချောင်း/ မာန်အောင်)။ သံတွဲခရိုင်မှ မောင်ဇေယျာလင်းထွန်း (အထက-ကင်းတောင်/တောင်ကုတ်)နှင့် မရည်မွန်လွင် (အထက(ခွဲ)မြို့မ/သံတွဲ) တို့ ဖြစ်ကြသည်။

န၀မတန်းတွင် လူရည်ချွန်ရရှိကြသော ကျောင်းသား ကျောင်းသူများမှာ စစ်တွေခရိုင်မှ မောင်ထက်မြတ်အောင် (အထက ၂/စစ်တွေ)နှင့် မဆုဝေဖြိုး(အထက ၄ /စစ်တွေ)။ မောင်တောခရိုင်မှ မောင်ဘုန်းမြတ်ဇော် (အထက ၁/ ဘူးသီးတောင်) နှင့် မလင်းအေးမိုရ် (အထက ၁/ ဘူးသီးတောင်)။ မြောက်ဦးခရိုင်မှ မဖြိုးသွယ်ခိုင်(အထက ၁ /မြောက်ဦး)နှင့် မောင်နေထွန်းဝင်း (အထက ၂/ မင်းပြား)။ ကျောက်ဖြူခရိုင်မှ မအေငြိမ်းစံ( အထက ၂ / အမ်း)နှင့် မောင်ပြည့်ဖြိုးသျှန်အောင် (အထက (ခွဲ) ဈေးတန်း / မာန်အောင်)။ သံတွဲခရိုင်မှ မောင်မင်းခန့်အောင်(အထက(ခွဲ) မြို့မ /သံတွဲ)နှင့် မမြပန်းအိမ် (အထက(ခွဲ)မြို့မ/သံတွဲ) တို့ ဖြစ်ကြသည်။

ဒသမတန်းတွင် လူရည်ချွန်ရရှိကြသော ကျောင်းသား ကျောင်းသူများမှာ စစ်တွေခရိုင်မှ မောင်ဇော်လူထက် (အထက ၂/စစ်တွေ)နှင့် မအေးပြည့်ဖြိုး(အထက ၂ /စစ်တွေ)။ မောင်တောခရိုင်မှ မောင်အောင်ကိုထူး (အထက ၂/ မောင်တော) နှင့် မနှင်းသန္တာထွန်း (အထက ၂/ မောင်တော)။ မြောက်ဦးခရိုင်မှ မောင်မျိုးလွင်(အထက /မြေပုံ)နှင့် မရွှေရည်ပြည့်ဖြိုး (အထက / မြေပုံ)။ ကျောက်ဖြူခရိုင်မှ မောင်မြတ်ဘုန်းဆွေ ( အထက ၃ / ကျောက်ဖြူ)နှင့် မစုစုလှိုင်(အထက ၂ / အမ်း)။ သံတွဲခရိုင်မှ မောင်ဇွဲလင်းထက် (အထက ၁ /တောင်ကုတ်)နှင့် မရွှေစင်လင်း(အထက(ခွဲ) ငကျော်တောင်/သံတွဲ) တို့ ဖြစ်ကြသည်။

(၂၀၁၅ ခုနှစ်က ရခိုင်မှ လူရည်ချွန် ကျောင်းသား/ကျောင်းသူများကိုတွေ့ရစဉ်)