Advertising
English News

ရခိုင်ပြည်နယ်မှ ယခုနှစ် တက္ကသိုလ်ဝင်တန်းကို ကျောင်းသား/ ကျောင်းသူ ၄၄၆၀၄ ဦး ၀င်ရောက်ဖြေဆိုမည်

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ မတ် ၆

28685295_1849662045045864_192223101280160582_n

မတ်လ ၇ ရက်နေ့တွင် စတင်ကျင်းပမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ရခိုင်ပြည်နယ်မှ ကျောင်းသား ကျောင်းသူ ၄၄၆၀၄ ဦး ၀င်ရောက်ဖြေဆိုကြမည်ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

ခရိုင်လိုက် စာစစ်ဌာနများနှင့် ဖြေဆိုမည့် ကျောင်းသူကျောင်းသားအရေအတွက်မှာ စစ်တွေ ခရိုင်တွင် စာစစ်ဌာန ၃၄ ခုတွင် ကျောင်းသား/သူ ဦးရေ ၁၃၃၄၇ ဦး ဖြေဆိုကြမည် ဖြစ်ကြောင်း၊ မြောက်ဦး ခရိုင်တွင် စာစစ်ဌာန ၃၁ ခု ရှိပြီး ကျောင်းသား/သူ ဦးရေ ၁၂၂၂၄ ဦး ဖြေဆိုကြမည် ဖြစ်ကြောင်း၊ မောင်တောခရိုင်တွင် စာစစ်ဌာန ၈ ခု ရှိပြီး ဖြေဆိုမည့် ကျောင်းသား / သူ ဦးရေ ၂၅၅၂ ဦး ရှိမည် ဖြစ်ကြောင်း၊ ကျောက်ဖြူခရိုင်တွင် စာစစ်ဌာန ၃၂ ခု ရှိပြီး ဖြေဆိုမည့် ကျောင်းသား/ သူဦးရေ ၉၅၉၆ ဦး ရှိမည် ဖြစ်ကြောင်း၊ သံတွဲခရိုင်တွင် စာစစ်ဌာန ၁၇ ခု ရှိပြီး ဖြေဆိုမည့်ကျောင်းသားကျောင်းသူဦးရေ ၆၈၈၅ ဦးဖြစ်ကြောင်း သိရှိရသည်။

“ ရခိုင်တစ်ပြည်နယ်လုံးတွင် စာစစ်ဌာန စုစုပေါင်း ၁၂၂ ခုရှိပြီး ဖြေဆိုမည့် ကျောင်းသား/သူ စုစုပေါင်း ၄၄၆၀၄ ဦးရှိပါတယ်” ဟု သူက ပြောကြားသည်။

ရခိုင်ပြည်နယ်၌ ယခုနှစ်တွင် စာစစ်ဌာန အသစ် ၁၁ ခု တိုးချဲ့ခဲ့ပြီး စုစုပေါင်း စာစစ်ဌာန ၁၂၂ ခုရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးဌာန မှတ်တမ်းများအရ သိရသည်။

အသစ်တိုးချဲ့လိုက်သော စာစစ်ဌာနများမှာ စစ်တွေမြို့နယ်တွင် အထက (၉) မင်းဂံ၊ ပုဏ္ဏားကျွန်း မြို့နယ်တွင် အထက ကျွဲထိုး၊ ပေါက်တောမြို့နယ်တွင် အထက မြင့်ဂါ၊ အထက ကျောက်တောင်၊ မြောက်ဦးမြို့နယ်တွင် အထက ကျီရာပြင်၊ မင်းပြားမြို့နယ်တွင် အထက မင်းရွာ၊ ကျောက်ဖြူ မြို့နယ်တွင် အထက ဂုံးချိန်၊ အထက မင်းပြင်၊ အမ်းမြို့နယ်တွင် အထက ၃ အရှေ့ပိုင်း၊ ရမ်းဗြဲမြို့နယ်တွင် အထက မြေပုံ နှင့် သံတွဲမြို့နယ်တွင် ကျောက်ကြီး အထက တို့ဖြစ်သည်။

၂၀၁၇-၂၀၁၈ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မြန်မာ တစ်နိုင်ငံလုံးတွင် မတ်လ ၇ ရက်နေ့တွင် စတင်မည်ဖြစ်သည်။