English News

ရခိုင်ပြည်နယ်အစိုးရ၏ ပထမတစ်နှစ်တာကာလ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းမည်

နိရဉ္စရာ၊ ဇူလိုင် ၂၉

20294191_1600783056600432_6447312018134104588_n

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ တစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး “ပြည်သူ့အတွက် တစ်နှစ်တာ” ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲကို တစ်ရပ်ကို စစ်တွေမြို့တွင် ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။

၎င်းသတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၃၁ ရက် တနင်္လာနေ့ နေ့လယ် ၁ နာရီတွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ (၁) တွင် ကျင်းပမည်ဟု သိရသည်။

၎င်းသတင်းစာရှင်းလင်းပွဲသို့ ရခိုင်ပြည်နယ် အခြေစိုက် သတင်းဌာနများသို့ ဖိတ်စာပေးပို့ ဖိတ်ကြားထားသည်ဟု သိရသည်။