Advertising
English News

ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရိုးရာကျင်ပွဲ ရွှေမောင်းတန်း ပထမဆု ကျပ် ၃၂ သိန်းထိချီးမြှင့်မည်

ကျင် ၁ copy

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ ဒီဇင်ဘာ ၁

ရခိုင်ရိုးရာ ကျင်အားကစားတိုးတက်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ပြီး ယခုနှစ် စစ်တွေမြို့တွင် ကျင်းပမည့် (၄၄) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ကျင်ပွဲ၌ ရွှေမောင်းတန်း ပထမဆုကို ကျပ် ၃၂ သိန်းထိ တိုးမြှင့် ချီးမြှင့်သွားမည်ဟု သတင်းရရှိသည်။

ကျင်ပွဲ၌ ရွှေမောင်းတန်း အဆင့်တွင် ပထမဆုကို ၃၂ သိန်းကျပ်၊ ဒုတိယဆုကို ၂၄ သိန်းကျပ်နှင့် ပူးတွဲတတိယဆုကို ၁၆ သိန်းကျပ် သတ်မှတ်ထားပြီး၊ ငွေမောင်းတန်းအဆင့်တွင် ပထမဆုကို ၂၄ သိန်းကျပ်၊ ဒုတိယဆုကို ၁၆ သိန်းကျပ်နှင့် ပူးတွဲတတိယဆုကို ၁၂ သိန်းကျပ် သတ်မှတ်ထားသည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က နိရဉ္စရာသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် ၄၄ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို စစ်တွေမြို့ ၀င်္ကဘာကွင်းတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ရခိုင်ရိုးရာကျင်ပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ထိ ၃ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

ကျင်ပွဲကို စနစ်တကျ ကျင်းပနိုင်ရန်အတွက် ကျင်းပွဲကျင်းပရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးထားကြောင်း၊ ရခိုင်ပြည်နယ် အနှံ့မှ ကျင်သန်းများအားလုံးကို ဖိတ်ခေါ်ကြောင်း၊ နိုင်သည် ဖြစ်စေ ရှုံးသည် ဖြစ်စေအားကစားစိတ်ဓာတ်အပြည့်ဖြင့် အမျိုးသားရိုးရာ အားကစား အနှစ်သာရကို ဖော်ထုတ်ကြရမည် ဖြစ်ကြောင်း ၀န်ကြီး ဦးဝင်းမြင့်က ပြောဆိုသည်။

ပြည်နယ်နေ့ အထိမ်းအမှတ် ကျင်ပွဲ၌ ရွှေမောင်းတန်းတွင် ၀င်ရောက်ယှဉ်ပြိုင်လိုသည့် ကျင်သန်ကြီး များအနေဖြင့် ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီကို နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည်ဟု သိရှိရသည်။