Advertising
English News

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေ

 

47087336_2209003642466894_4616570173632020480_n

နိရဉ္စရာ၊ နိုဝင်ဘာ ၃၀

မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်စပ် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ) အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

နိုဝင်ဘာလ(၂၉) ရက် နံနက် ၁၁ နာရီ ကျော်မှ ညနေ ၅ နာရီခန့် အချိန်အထိ ဘူးသီးတောင်မြို့ မြောက်ဖက်၊ “နဟန်း”နှင့်”ဝါးနက်ရုံ”အကြားတွင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အေအေမှ သတင်း ထုတ်ပြန်သည်။

မြန်မာတပ်မတော်မှ “ဝါးနက်ရုံ”တောင်ကုန်းနေရာများမှ လက်နက်ကြီးပစ်ကူများဖြင့် ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ကြောင်း၊ ၎င်းနေ့ ညနေလုံးနီးပါး ၎င်းနေရာ၌တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၎င်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ပွဲမှာ နေ့လယ် ၁နာရီခန့်တွင် တစ်ကြိမ် ညနေ ၃ နာရီ ကျော်မှ ၄ နာရီခွဲထိ တစ်ကြိမ်၊ နှစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်ဟု ဆိုသသည်။

အလားတူ နိုဝင်ဘာလ ၂၂ရက်နေ တန်ဆောင်မုန်းလပြည့်နေ့၊ နေ့လယ် ၂ နာရီခန့်တွင် ရခိုင်ပြည်နယ်စပ် အနီး၊ နယ်စပ်မှတ်တိုင်(၆၄) BP-64 အနီး၌ မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် အေအေ မှ လှုပ်ရှား စစ်ကြောင်းတို့ အကြား ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲတွင် လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၁၅) ရက်နေ့တွင် စကခ(၅)-တောင်ကုတ်မြို့၊လက်အောက်ခံ၊ အမ်းအခြေစိုက် ခမရ(၃၇၃) နှင့် AA တို့ သည် ပလက်ဝမြို့နယ် “ကုလားတန်မြစ်” နှင့်”ပီချောင်း” အကြား”နတ်ချောင်းဝရွာ” အနောက်ဖက်၌ မိနစ်၅၀ ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။