English News

ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ နေရာ ဦးမြသန်း အနိုင်ရရှိ

နိရဉ္စရာ၊ ဇူလိုင် ၁၄

20106338_1584960901515981_3867243802411067314_n

ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ နေရာကို လွှတ်တော်ကိုယ်စားလှယ် သုံးဦးမှ ယနေ့ ယှဉ်ပြိုင်ရာ ရခိုင်အမျိုးသားပါတီမှ မြေပုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမြသန်းမှ ၁၉ မဲဖြင့် အနိုင်ရရှိသွားခဲ့သည်။

ပါဝင်ယှဉ်ပြိုင်သူ သုံးဦးထဲမှ ရခိုင်အမျိုးသားပါတီမှ ရွေးချယ်ထားသူ မြေပုံမြို့နယ် အမှတ် (၁) ပြည်နယ် လွတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ၁၇ မဲ၊ NLD မာန်အောင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးနွဲ့က ၆ မဲ၊ ရခိုင်အမျိုးသား ပါတီမှ မြေပုံမြို့နယ် အမှတ် (၂) ဦးမြသန်းက ၁၉ မဲနှင့် ပယ်မဲ ၃ မဲ ဖြစ်ကြောင်း သိရသည်။