Advertising
English News

ရခိုင်လုပ်ငန်းရှင်အဖွဲ့ ဖွဲ့စည်းရေး စစ်တွေတွင် စည်းဝေးမည်

နိရဉ္စရာ၊ သြဂုတ် ၉

38717350_2044109602267773_3816899876466196480_n

မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၏ ရခိုင်ပြည်နယ်လုပ်ငန်းရှင်အဖွဲ့ကို ဖွဲ့စည်းနိုင်ရေးအတွက် အစည်းအဝေး တစ်ရပ်ကို ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် သြဂုတ် ၁၀ ရက်နေ့တွင် ကျင်းပ ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

၎င်းအစည်းအဝေးကို သြဂုတ် ၁၀ ရက် သောကြာနေ့ နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီထိ ခိုင်သဇင်ပန်းခြံရှိ စစ်တွေ မြို့တော်ခန်းမတွင် ပြုလုပ်သွားမည်ဖြစ်သည်။

အစည်းအဝေးတွင် ရခိုင်လုပ်ငန်းရှင်အဖွဲ့ (ရခိုင်ပြည်နယ်)ကို ဖွဲ့စည်းသွားမည် ဖြစ်သဖြင့် စိတ်ပါဝင်စားသူ စီးပွားရေး လုပ်ငန်းရှင် မည်သူမဆို တက်ရောက်နိုင်ကြောင်း ဖိတ်စာထဲတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကို ပြည်ထောင်စု မြန်မာနိုင်ငံ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနမှ တိုင်းရင်းသား လူမျိုးများ စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ် ဖွဲ့စည်းထားပြီး အသင်းအား ပိုမိုကျယ်ပြန့်စေရန် ပြည်နယ်တိုင်းတွင် တိုင်းရင်းသား လုပ်ငန်းရှင်အဖွဲ့ကို ဖွဲ့စည်းပေးလျက်ရှိကြောင်း သတင်းရရှိသည်။