English News

ရခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီးဦးဦးသာထွန်း နှစ်(၁ဝ၀) ပြည့်မွေးနေ့ အထိမ်းအမှတ်ဂုဏ်ပြုပွဲ မြို့ကြီးသုံးမြို့တွင်ကျင်းပ

နောင်ခိုင်အောင်
စစ်တွေ၊ နိုဝင်ဘာ ၂၃

23795039_1741253139220089_9029839501363964854_n

ရခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီးဦးဦးသာထွန်း၏ နှစ် ၁ဝဝ ပြည့် မွေးနေ့အထိမ်းအမှတ်အခမ်း အနားကို စစ်တွေ၊ ရန်ကုန်နှင့် ဆရာကြီး၏ မွေးရပ်ဇာတိဖြစ်သည့် မြောက်ဦးမြို့တို့တွင် ယနေ့ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်တွေ ဦးဥတ္တမခန်းမတွင် ၈၈ ရခိုင်မျိုးဆက်များလူမှုဖွံဖြိုးရေးအဖွဲ့မှ ဦးဆောင်ပြီး ဆရာကြီး ဦးသာထွန်းနေ့ကို ကျင်းပခဲ့သည်။

“ဆရာကြီး ဦးသာထွန်းဟာ ကျနော်တို့ရခိုင်ပြည်သူတွေရဲ့ သမိုင်းတွေ ယဉ်ကျေးမှုတွေကို ကမ္ဘာကသိအောင် ဖော်ထုတ်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လို လူငယ်လူလတ်ပိုင်တွေမှာ ဒီလိုလေးစားထိုက်တဲ့ပုဂ္ဂိုလ်တွေကို ဖော်ထုတ်ဂုဏ်ပြုပေးဖို့ အတွက် တာဝန်တွေအများကြီးရှိတယ်လို့ ခံယူပြီးတော့ ကျင်းပရတာဖြစ်ပါတယ် ” ဟု ၈၈ ရခိုင်မျိုးဆက်များလူမှုဖွံဖြိုးရေးအဖွဲ့၏ ထွေထွေအတွင်းရေးမှူး ဦးခိုင်ဆန်းအောင်က ပြောသည်။

23755022_1741253319220071_6834234224618969131_n

အခမ်းအနားကို ရခိုင်ရိုးရာမင်္ဂလာစည်းတော်များဖြင့် တီးခတ်ဖွင့်လှစ်ခဲ့ပြီး ရိုးရာအကအလှများဖြင့်ဖြေဖျော်ခြင်း၊ ကဗျာရွတ်ဖက်ခြင်း၊ စာတမ်းဖတ်ခြင်းနှင့် ရခိုင်အဆိုတော်တချို့မှ ရခိုင်တေးသီချင်းများဖြင့် ဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။

(စစ်တွေတွင် ကျင်းပနေပုံ၊ မြောက်ဦးတွင်ကျင်းပသည့် သတင်းဆက်လက် ဖော်ပြပါမည်)