Advertising
English News

ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်တွင် သက်ငယ်မုဒိမ်းမှုဖြစ်ပွား

အောင်လင်းထွန်း(မာန်အောင်)
နိရဉ္စရာ၊ ဇူလိုင် ၆

36700224_1987504031261664_9010248453887885312_n

ရခိုင်ပြည်နယ် ရမ်းဗြဲမြိ့နယ် လေးတောင်တိုက်နယ် သရက်ချိုကျေးရွာတွင် ကျောင်းသူတစ်ဦးအား ရွာဟောင်းရွာမှ ကျောင်းသားတစ်ဦးမှ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

၎င်းဖြစ်စဉ်မှာ ဇွန်လ ၂၈ရက် နေ့လယ်က ဖြစ်ပွားခဲ့သော်လည်း ဇူလိုင် ၄ ရက်နေ့မှ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်ဟု မိသားစုများထံမှ သိရှိရသည်။

“သမီးမူမမှန်တော့ ရိပ်မိတဲ့အတွက် မေးမြန်းတဲ့အခါ သမီးကကြောက်နေတာကြောင့် ဖွင့်မပြောခဲ့ဘူး။ ဒီအတွက် အဒေါ်တို့ ဘာတစ်ခုမှ လုပ်လို့မရခဲ့ဘူ။ နောက်မှ သမီးက ဖွင့်ပြောပြတာကြောင့် ဒီလ ၄ ရက်နေ့က ရမ်းဗြဲမြိုနယ် တရားရုံးမှာ တရားစွဲထားတယ်”ဟု အဓမ္မကျင့်ခံရသူမိန်းခလေး၏ မိခင် ဖြစ်သူက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်သည် သူမနေထိုင်ရာ သရက်ချိုနှင့် တစ်မိုင်ခွဲခန့် ဝေးသည့် ရွာဟောင်းရွာမှ သူငယ်ချင်းဖြစ်သူ နေအိမ်သို့သွားရောက်ပြီး သူမ၏ ချစ်သူနှင့် ချိန်းတွေပြီး အိမ်အပြန်တွင် ရွာဟောင်းရွာမှ မောင်လင်းထိုက်စိုးဆိုသူ လူငယ်တစ်ဦးမှ ဆိုင်ကယ်ဖြင့် လိုက်ပို့မည်ဟု ဆိုကာ ခေါ်ဆောင်လာပြီး လူခြေတိတ်သည့် နေရာတစ်ခုအရောက်တွင် အဓမ္မပြုကျင့်ခဲ့သည်ဟု ကာယကံရှင် အမျိုးသမီးငယ်က ပြောကြားသည်။

” အဲဒီနေ့ နေ့ခင်းဘက် နှစ်နာရီလောက်မှာ အိမ်သို့ပြန်လာတဲ့အခါ မောင်လင်းထိုက်စိုးက ကျွန်မကို အမေက ရှာနေတယ်ဆိုပြီး ဆိုင်ကယ်နဲ့ လိုက်ပို့မယ်ဆိုပြီး ခေါ်ယူလာပါတယ်။ တောင်သိမ် ဘုရားနား ရောက်တော့ သမီးကို ခြိမ်းခြောက်ပြောဆိုပြီး သမီးပါးစပ်ကိုပိတ်ကာ အော်ရင်သတ်ပစ်မယ် ခြိမ်းခြောက်ပြီး ဇရပ်ပျက်ရဲ့ အိမ်သာနောက်က တောစပ်သို့ဆွဲခေါ်ပြီး အားဓမ္မပြုကျင့်ခဲ့ပါတယ်” အတင်းဓမ္မ ကျင့်ခံရသူ အမျိုးသမီးငယ်က ပြောကြားသည်။

အဓမ္မပြုကျင့်ခံခဲ့ရသည်ဟု ပြောဆိုထားသည့် အမျိုးသမီးငယ်မှာ လေးတောင်တိုက်နယ် နဂါးရွာမှ အဒေါ်ရှိရာ သရက်ချို ကျေးရွာတွင် နေထိုင်သူ အသက် ၁၆နှစ်အရွယ် ကိုးတန်းကျောင်းသူ မ—– ဖြစ်ပြီး အဓမ္မ ပြုကျင့်သူဟု စွပ်စွဲ ခံထားရသူမှာ ရွာဟောင်းရွာမှ ဆယ်တန်းကျောင်းသား မောင်လင်းထိုက်စိုး (၁၇) နှစ် ဖြစ်ကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ် တရားရုံးတွင် တရားစွဲခံရသူ မောင်လင်းထိုက်စိုး မှ အတင်း ဓမ္မပြုကျင့်ရန် ကြံစည် ခဲ့ခြင်းသာဖြစ်ကြာင်းဝန်ခံထားပြီး အတင်းဓမ္မမပြုကျင့်ခဲ့ဟု ထွက်ဆိုထားကြောင်း သိရှိရပါသည်။

အဆိုပါ အဓမ္မပြုကျင့်မှုကိစ္စနှင့် ပတ်သက်ပြီး လေးတောင်ရဲစခန်းသို့ ဆက်သွယ်ရာ ရဲအရာရှိ တစ်ဦးက ကလေးချင်းဖြစ်ပွားခြင်းဖြစ်ပြီး၊ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးထားပြီ ဖြစ်ကြောင်း ပြောကြားသည်။

“ပြစ်မှု ကျူးလွန်သူကို ဖမ်းဆီးထားသိမ်းထားပြီး၊ သူ့ကို အမှုအမှတ် ၁၆ / ၂၀၁၈၊ ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် အရေးယူထားပြီး ပါပြီ။ ဥပဒေကြောင်း အရ ရင်ဆိုင်ကြရဖို့ဘဲ ရှိပါတယ်”ဟု အဆိုပါ ရဲအရာရှိက ပြောကြားသည်။

(ဓာတ်ပုံ- အခင်းဖြစ်ပွားခဲ့သည့်နေရာ)