English News

ရမ်းဗြဲ ကျောက်နီမော်တွင် မြေတူးရာမှ သေနတ်နှင့်ကျည်ဆံဟောင်းများတွေ့ရှိ

ကျော်ဝင်း ( ကျောက်ဖြူ )
နိရဉ္စရာ၊ သြဂုတ် ၇

20604615_1609578389054232_8009665935693190642_n

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာအုပ်စု၊ ရခိုင်စုရပ်ကွက်တွင် နေအိမ်ခြံဝင်းအတွင်း မြေကျင်း တူးရာမှ လုပ်သေနတ်တစ်လက်နှင့် ကျည်ဆံ အဟောင်း တွေ့ရှိကြောင်း သတင်းရရှိသည်။

ကျောက်နီမော်ကျေးရွာအုပ်စု၊ ရခိုင်စုရပ်ကွက်နေ ဦးထွန်းသာအောင်၏ နေအိမ်နှင့် (၁၅)ပေခန့် အကွာ နေအိမ်ခြံဝင်းတွင် သြဂုတ်လ(၆)ရက် နေ့လည်(၁း၃၀)နာရီခန့်က ဦးမင်းမင်းနှင့် အလုပ်သမားများမှ မြေသားလိုအပ်၍ မြေတူးဖော်ရာမှ တွေ့ရှိတာဖြစ်သည်။

မြေကြီးထဲတွင် မြှုပ်နှံထားသော သေနတ်အတို (၁)လက်၊ ကျည်(၁၀)တောင့်၊ ပြောင်းချော သုံးကျည်ခွံ(၂)ခွံ တွေ့ရှိကြောင်းသိရသည်။

“ သေနတ်နဲ့ ကျည်ဆံက အဟောင်းတွေပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်က မြှုပ်ခဲ့တဲ့ဟာ ဖြစ်မယ်။ အကောင်းတွေမဟုတ်ပါ။ သေနတ်ကတော့ကျိုးနေပါပြီ။ ကျည်တစ်တောင့်ထည့်ပြီး တစ်ခါဖောက်တဲ့ဟာမျိုးပါ။ ကျည်ကတော့ ဆယ်တောင့်ပါ” ဟု ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်း ကပြောသည်။

သေနတ်နှင့် ကျည်ဆံခွံများအား ကျောက်နီမော် ရဲစခန်းသို့ အကြောင်းကြားခဲ့ပြီးနောက် သက်ဆိုင်ရာသို့ အပ်နှံခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ၊ မြတ်ကောင်း