English News

ရသေ့တောင်မြို့နယ်တွင် သတ္တမတန်းကျောင်းသူ တစ်ဦး ရေနစ်သေဆုံး

မဘုကေ
နိရဉ္စရာ၊ ဇူလိုင် ၁၂

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စိုးမေ ကျေးရွာတွင် သတ္တမတန်း ကျောင်းသူတစ်ဦး ယမန်နေ့က ရေနစ်သေဆုံးသွားခဲ့သည် ဟု ရသေ့တောင်မြို့မရဲစခန်းမှ ရဲအုပ်ဇော်ဝင်းအောင် ကနိရဉ္စရာသို့  ပြောသည်။

ဖြစ်စဉ်မှာ ဇူလှိုင်လ ၁၁ ရက် နေ့လယ် ၁ နာရီကျော်ခန့်  ကျောင်းအားလပ်ချိန်တွင် ဖြစ်ပွားခဲ့ကြောင်း သူက ဆက်လက်၍ ပြောကြားသည်။

” ဖြစ်တာက ကလေးမလေး ၇ ယောက်ရေသွားကစားတော့ အဲဒီမှာ ရေနစ်တော့ ကြောက်ပြီးပြေးလာကြတယ်။ သွားကယ်တော့ ရေနစ်သေဆုံး နေပြီ လေ ” ဟု ရဲအုပ် ဇော်ဝင်းအောင် ကပြောသည်။

သေဆုံးသွားသည့် ကျောင်းသူမှာ မဆန်းအေးနွယ် ( ၁၃) နှစ် (ဘ) ဦးမောင်အေးသိန်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေနစ်သေဆုံးမှုအား ၄/၂၀၁၇ ဖြင့် သေမှု့သေခင်းဖွင့်ထားသည် ဟု ရဲအုပ် ကပြောသည်။