English News

ရသေ့တောင် မူစဲကမ်းခြေတော်ရာဘုရားပွဲ ရခိုင်ရိုးရာကျင်ပွဲများ ထည့်သွင်းကျင်းပမည်

နိရဉ္စရာ၊ ဒီဇင်ဘာ ၃၀

15780967_1387749397903800_2653137657466557061_n

ရသေ့တောင်မြို့နယ် ခြေတော်ရာ ဗုဒ္ဓပူဇနိယပွဲတော်တွင် ရခိုင်ရိုးရာ ရွှေမောင်းတန်း၊ ငွေမောင်းတန်း ကျင်ပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

“ ကျင်ပွဲကို ဘုရားပွဲတော်ရက်ဖြစ်တဲ့ ပြာသိုလဆန်း ၁၄ ရက်နေ့နဲ့ လပြည့်နေ့တွေမှာ ထည့်သွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ ရွှေမောင်းတန်း ပထမဆုကိုတော့ ရွှေစင် တစ်ကျပ်သား၊ ဒုတိယတန်း ပထမဆုကိုတော့ ရွှေစင် ငါးမူးသား ချီးမြှင့်သွားမှာ ဖြစ်ပါတယ်” ဟု ရန်ကုန် အလိုတော်ပြည့်ကျောင်း လက်ထောက်ဆရာတော် ဦးကုမာရက ပြောကြားသည်။

ပထမတန်း ရိုးရာကျင်ပွဲ ပထမဆုကို ရွှေစင်တစ်ကျပ်သားနှင့် ဒုတိယဆုကို ရွှေစင် ငါးမူးသားချီးမြှင့်မည်ဖြစ်ကြောင်း၊ ဒုတိယတန်း ပထမဆုကို ရွှေစင်ငါးမူးသား ဒုတိယဆုကို ရွှေစင်တစ်မတ်သား ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

“ ရိုးရာကျင်ပွဲ ရွှေမောင်းအလှူရှင်ကတော့ ပထမဆု ရွှေစင် တစ်ကျပ်သားကို ရသေ့တောင်မြို့ အလိုတော်ပြည့် ကျောင်းတိုက် ဂေါပကအဖွဲ့ နှင့် ဒုတိယဆု ငါးမူးသားကို မောင်တောမြို့ အလိုတော်ပြည်ကျောင်းတိုက် ဆရာတော် ဦးမဏိသာရ ၏ တကာမ ဒေါ်မနီ မှ လှူဒါန်းမှာ ဖြစ်ပါတယ်” ဟု ဆက်လက် ပြောဆိုသည်။

၎င်းပြင် ဒုတိယတန်း ပထမဆုကို မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော် ဦးမဏိသာရ ၏ တပည့် တကာ ဦးထွန်းလင်းကျော် (ညီညီ)နှင့် ဒေါ်နှင်းဦးနွယ် မိသားစုကသော်လည်းကောင်း ဒုတိယဆု ရွှေငါးမူးသားကို သုဝဏ္ဏသင်္ဂီရွှေဆိုင် မိသားစုမှ သော်လည်းကောင်း လှူဒါန်းဖြစ်ကြောင်း သိရသည်။

15747806_1387749607903779_4274139500765437774_n

ရခိုင်ပြည်နယ်မှ နာမည်ကြီး ကျင်သန်များကို ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။

(၁၆) ကြိမ်မြောက်ဗုဒ္ဓပါဒခြေတော်ရာပွဲကို ၂၀၁၇ ခုနှစ် ဇန္န၀ါရီလ ၇ ရက် (ပြာသိုလဆန်း ၁၀ ရက်နေ့)မှ စ၍ ဇန္န၀ါရီလ ၁၂ ရက်နေ့ ( ပြာသို လပြည့်နေ့) ထိ (၆) ရက်တိုင်တိုင် ပူဇော်ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင်နေတိုး၊ နေထက်လင်း၊ မင်းသွေး၊ ရိုက်တာ၊ ချစ်စနိုးဦး၊ ခိုင်နှင်းဝေ၊ လှမျိုးသဉ္စာနွယ်တို့လည်း ပါဝင် ဖြေဖျော်ကြမည်ဟု သိရသည်။

၎င်းပြင် ရခိုင်ပြည်နယ်မှ နာမည်ကြီး ဇာတ်သဘင်များ ဖြစ်ကြသော ရတနာသန်းအောင် ဇာတ်သဘင်အဖွဲ့၊ စိန်ရွှေရတနာဇာတ်သဘင်အဖွဲ့၊ အောင်နန်း ဇာတ်သဘင်အဖွဲ့နှင့် ရတနာထွန်း ဇာတ်သဘင် အဖွဲ့ (၄) ဖွဲ့မှ အပြိုင်အဆိုင် ကပြပြီး ၆ ရက်တိုင်တိုင် ကြွရောက်လာသော ပရိသတ်များကို ဖြေဖျော်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။