English News

ရသေ့တောင် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်နှင့် မိသားစုမှ ဆံတော်ရှင်ဘုရားတွင် သိန်း (၇၀၀) တန်ဖိုးရှိ နှစ်ထပ်ဆောင် သန္တိသုခဇရပ်လှူဒါန်း

နိရဉ္စရာ၊ နိုဝင်ဘာ ၎

23167669_1722268651118538_730460523092424189_n

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ သမိုင်းဝင် ဆံတော်ရှင်ဘုရားတွင် ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်၊ ဇနီးဒေါ်မိခိုင်နှင့် မိသားစုမှ ကျပ်သိန်း ၇၀၀ တန်းဖိုးရှိ သန္တိသုခ အမည်ပေးထားသည့် ဇရပ် တစ်ဆောင် ဆောက်လုပ်လှူဒါန်းခဲ့သည်။

၎င်းသန္တိသုခဇရပ်ရေစက်လှူဒါန်းပွဲကို ကထိန်ပွဲနှင့် အတူ ဆံတော်ရှင်ဘုရားတွင် တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာ ၃) ရက်နေ့က ကျင်းပရာ အနီးဝန်းကျင်မှ ဆရာတော်ကြီးများ အပါအ၀င် လူပေါင်း ၁၅၀၀ ခန့် တက်ရောက် ကုသိုလ်ယူခဲ့ကြသည်။

“ ကျွန်တော် ဒီဇရပ်ကို လှူဒါန်းရတာက ဆံတော်ရှင်ဘုရားကိုလာရောက် ဖူးမျှော်ကြတဲ့ ဆရာတော်ကြီးတွေ၊ ရဟန်းသံဃာတော်တွေ၊ လူပုဂ္ဂိုလ်တွေ ကောင်းမွန်စွာ တည်းခိုနေနိုင်အောင် ရည်ရွယ်ပြီး လှူဒါန်းတာ ဖြစ်ပါတယ်။ ဇရပ်လို့ဆိုပေမယ့် နှစ်ထပ်ဆောင်ဖြစ်ပြီး ခေတ်မီ အိမ်သာတွေ၊ ရေချိုးခန်းတွေကိုပါ တွဲပြီး တည်ဆောက်တဲ့ အတွက် ဆရာတော်ကြီးတွေ အပါအ၀င် တည်းခိုသူတွေအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်” ဟု ဦးဦးသန်းနိုင်က နိရဉ္စရာသို့ ပြောကြားသည်။

23130479_1722269137785156_5190102958452745897_n

၎င်းသန္တိသုခဇရပ်ကို ဆံတော်ရှင်စေတီနှင့် ကပ်ပြီး အရှေ့ဘက် မြေကွက်လပ်တွင် တည်ဆောက်ပြီး ခေတ်မီ ၂ ထပ် ကွန်ကရစ်တိုက် အဆောက်အဦဖြစ်သည်။

ဆံတော်တော်ရှင် ဘုရားပွဲတော်ကို နှစ်စဉ် နတ်တော် လဆန်း ၁၀ ရက်နေ့မှ လပြည့်နေ့ထိ နှစ်စဉ် စည်ကားသိုက်မြိုက်စွာကျင်းပကြပြီး ရခိုင်ပြည်နယ်အနှံ့မှ ဘုရားဖူးသူ သိန်းနှင့် ချီလာရောက်ကြသည်။ ယခုအခါ ဘုရားပွဲတော်ရက်မဟုတ်သည့် နေ့များတွင်လည်း ဘုရားဖူးများ လာရောက်ကြသည်ဟု သိရသည်။

ဆံတော်ရှင်ဘုရားမှာ ဖရုံကာကျွန်းသုံးကျွန်းတွင် အနောက်ဘက် အစွန်ဆုံး မြေငူကျွန်းတွင် တည်ရှိပြီး ဘုရားရှင်၏ ဆံတော်ကို ဌာပနာထည့်ပြီး တည်ထား ကိုးကွယ်ထားသည့် စေတီဖြစ်ကြောင်း ဘုရားသမိုင်းမှတ်တမ်းအရ သိရပါသည်။

23032399_1722268987785171_7006627558011414268_n

“ ကျွန်တော်တို့ ဒီသန္တိသုခဇရပ်ကို ၁၀ လခန့် အချိန်ယူတည်ဆောက်ခဲ့ပါတယ်။ ဇရပ်လို့ နာမည်ပေးရတာက ရဟန်းတော် အပါအ၀င် ဘုရားဖူးလာတဲ့ ဆင်းရဲ ချမ်းသာမရွေး လူပုဂ္ဂိုလ်တွေပါ မကျန် တည်းခိုနိုင်အောင်အတွက် ဖြစ်ပါတယ်။ နောင်လည်း ဒီဘုရားမှာ လိုအပ်တာတွေကို ဆက်လှူဒါန်းဖို့ရည်သန်ထားပါတယ်” ဟု ဦးဦးသန်းနိုင်က ပြောကြားသည်။

ယမန်နေ့က ပြုလုပ်သည့် သန္တိသုခဇရပ် ရေစက်ချ လှူဒါန်းပွဲသို့ ဇက်သင်္ဘော၊ အမြန်ယာဉ်များဖြင့် အခမဲ့ ပို့ဆောင်ပေးခဲ့ပြီး စစ်တွေ၊ ရသေ့တောင်၊ မြောက်ဦး အပါအ၀င် အနယ်နယ်အရပ်ရပ်မှ ဆွေမျိုးမိတ်သင်္ဂများ လာရောက်ခဲ့ကြသည်။