English News

ရှားပါးမျိုးစိတ်ဝင် ကြက်တူရွေးလိပ်ကြီးတစ်ကောင်အား မဟာမြတ်မုနိဘုရားကြီးတွင် ဘေးမဲ့လွတ်

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ နိုဝင်ဘာ ၁၃

23472471_1731054006906669_3701641778723732742_n

မြန်မာနိုင်ငံတွင် ရှားပါးမျိုးစိတ်ဝင်ဖြစ်လာနေသည့် ကြက်တူရွေးလိပ်ကြီး တစ်ကောင်အား စေတနာရှင် တစ်ဦးမှ ကျပ်တစ်သိန်းဖြင့် ၀ယ်ယူပြီး ကျောက်တော် မဟာမြတ်မုနိဘုရားကြီးတွင် ဘေးမဲ့ လွတ်ထားကြောင်း သိရသည်။

အဆိုပါလိပ်မှာ အချင်း (၈)လက်မခန့်နှင့် အဝိုင်းပတ်လည် (၄) ပေခန့်ရှိပြီး ရခိုင်ပြည်နယ် မြေပုံမြို့နယ် ငမန်းရဲကျွန်းရှိ ဓနိတောတစ်ခုရှိ ဓနိပင်ကြားတွင်ညှပ်နေစဉ် လူတစ်ဦးက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယင်းနောက် မြောက်ဦးမြို့ရှိ ရိုးမစွမ်းအင် ကုန်စည်ပို့ဆောင်ရေးကားဂိတ်ပိုင်ရှင် ဦးသိန်းကျော်က ကျပ် ၁ သိန်းခွဲဖြင့် ဝယ်ယူကာ မဟာမြတ်မုနိဘုရားကြီးရှိ ဇီဝိတဒါနကန်တော်ကြီးအတွင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဘေးမဲ့ လွတ်ထားခဲ့ခြင်းဖြစ်သည်။

“ဒီလိပ်ကို ဖမ်းမိသူက တရုတ်ပြည်ကို ၁ဝ သိန်းနဲ့ရောင်းမယ်လို့ကြေညာထားတာ။ အဲဒါကို ကျွန်တော်က ၁ သိန်းခွဲပေးမယ်။ မင်းတို့လည်း ကုသိုလ်ရ၊ ငါတို့လည်း ကုသိုလ်ရအောင်အတွက် လွတ်ပေးဖို့အတွက်ဝယ်တာလို့ပြောပြီး ဝယ်လိုက်တာပါ။ သတ္တဝါတစ်ခု ကံတစ်ခုဆိုသလို သူများအသက်ကိုကယ်ချင်တဲ့ဆန္ဒ၊ နောက်တစ်ခုက ကိုယ့်ရခိုင်ကရတာကို ကိုယ့်ရခိုင်မှာ ပဲရှိစေချင်တယ်။ မဟုတ်ရင် တရုတ်ကိုရောက်သွားမယ်လေ။ အများသူငါလည်း ကြည့်လို့ရအောင် အဲလိုရည်ရွယ်ချက်နဲ့ အခုလို လွတ်လိုက်တာပါ “ဟု ဦးသိန်းကျော်က နိရဉ္စရာသို့ပြောသည်။

အဆိုပါကြက်တူရွေးလိပ်ကျောကုန်းတွင် ဒဏ်ရာအနည်းငယ်ပါရှိသော်လည်း အကောင်းပကတိအတိုင်း သွားလာလှုပ်ရှားနိုင်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – ဦးသိန်းကျော် facebook