English News

လင်အပါအ၀င် သားနှစ်ယောက်၊ သမီးတစ်ယောက် သတ်ဖြတ်ခံခဲ့သည့် ဟိန္ဒူမိသားစုအား တည်ဆောက်ရေးကော်မတီမှ ငွေလှူ

နိရဉ္စရာ၊ အောက်တိုဘာ ၆

22196335_1695097817168955_8535154468485112868_n

မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်တွင် ဘင်္ဂလီအကြမ်းဖက်သမားများ၏ အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် အထဲ ပါဝင်သွားသူ ယောင်္ကျား၊ သားနှစ်ယောက်နှင့် သမီး တစ်ဦးကို ဆုံးရှုံးလိုက်ရသည့် ဟိန္ဒူအမျိုးသမီး အုံနာဘာလ (၄၀) နှစ်အား အနောက်ဘက်နယ်စပ်ဒေ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး ကော်မတီ (ယာယီ) ဥက္ကဋ္ဌ ဒေါက်တာ အေးချမ်းမှ ကျပ်ငွေ ငါးသောင်းလှူဒါန်းခဲ့သည်။

၎င်းလှူဒါန်းမှုကို အောက်တိုဘာလ ၃ ရက်နေ့က ကြိမ်ချောင်းဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

အုံနာဘာလတို့ မိသားစု သည် ခမောင်းဆိပ်အုပ်စု ရဲဘော်ကျတွင် နေထိုင်နေပြီး သူမ၏ လင်ယောကျာင်္းဖြစ်သူ ပေါ်လောရင်( ၄၅)နှစ်၊ သားကြီးဖြစ်သူ အာဆောကူမာ(၂၀)နှစ်၊ ဖုရှိတ်ကူမာ (၁၈) နှစ်နှင့် သမီးဖြစ်သူ အူရာသီ (၁၀) နှစ်တို့ သည် သြဂုတ် ၂၅ ရက်နေ့က ဘင်္ဂလီအကြမ်းဖက်သမားများက သတ်ဖြတ်သွားခဲ့သည်ဟု သူမ ပြောဆိုသည်။

“ သတ်တဲ့ လူက အများပါတယ်။ ကုလား၊ ဓါးနဲ့ခွက် (ခုတ်)တယ်။ ခမောင်းဆိပ်က ကုလား” ဟု နိရဉ္စရာက မေးမြန်းစဉ် ပြောကြားသည်။

အခင်းဖြစ်ပွားသည့်နေ့က သူမသည် တစ်ခြား သားငယ်တစ်ဦးနှင့် အတူ မောင်တောမြို့ပေါ်သို့ ရောက်ရှိနေ၍ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်ဟု ပြောသည်။

“ အိမ်ပြန်ရောက်တော့ အိမ်မီးလောင်နေပြီ။ လင်လည်းမရှိတော့ဘူး။ သားနှစ်ယောက်နဲ့ သမီးလည်း သေသွားပြီလို့ သိရပါတယ်” ဟု သူမက မျက်ရည်ကျကာ နိရဉ္စရာသို့ ပြောဆိုသည်။

22279420_1695098300502240_3806955349717732456_n

ဒေါက်တာ အေးချမ်းဦးဆောင်သည့် အနောက်ဘက်နယ်စပ်ဒေ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး ကော်မတီ (ယာယီ) အောက်တိုဘာ ၃ ရက်နေ့က မောင်တောမြို့နယ်သို့ ရောက်ရှိခဲ့ပြီး ကြိမ်ချောင်းရခိုင်ရွာသူ ရွာသားများနှင့် တွေ့ဆုံပြီး လက်ရှိ ရင်ဆိုင်နေရသော အခက်အခဲများကို တွေ့ဆုံ ဆွေးနွေးမေးမြန်းခဲ့သလို ကြိမ်ချောင်းရွာတွင် ခိုလုံနေကြသည့် ဟိန္ဒူမိသားစုများသို့ ငွေကြေး ထောက်ပံ့မှု တစ်ချို့နှင့် ငါးသေတ္တာဗူးများ၊ တစ်ခြားစားစရာများကို လှူဒါန်းခဲ့သည်။

ဒေါက်တာ အေးချမ်း ဥက္ကဋ္ဌ အဖြစ် ဦးဆောင်သည့် အနောက်ဘက်နယ်စပ်ဒေ ရခိုင်အမျိုးသားနယ်မြေ ပြန်လည် တည်ဆောက်ရေး ကော်မတီ (ယာယီ)၏ မောင်တော ခရီးစဉ်အတွင်း ဒေါက်တာအေးချမ်းနှင့် အတူ အဖွဲ့၏ နာယက ဒေါ်ခင်စောဝေ၊ ဒုဥက္ကဋ္ဌ ဦးခင်မောင်ကြီး၊ အထွေထွေအတွင်းရေးမှူး ဦးသန်းထွန်း၊ တွဲဘက်အတွင်းရေးမှူး များဖြစ်ကြသည့် ခိုင်ဆန်းအောင်၊ ဦးကျော်သန်းတို့ အပါအ၀င် ကော်မတီ တာဝန်ရှိသူများ ဖြစ်ကြသည့် ဦးဝိုင်းမောင်၊ ဦးစံထွန်းမောင်နှင့် ဦးစံသိန်းတို့လည်း အတူ လိုက်ပါလာခဲ့သည်ဟု သိရသည်။