English News

လူ ၃ ဦးသေဆုံးခဲ့သည့် မောင်တောမြို့နယ်တွင် ပေါက်ကွဲမှုမှာ အကြမ်းဖက်သမားများ ထောင်ထားသည့်မိုင်းဟု ယူဆရကြောင်း အတိုင်ပင်ခံရုံးက သတင်းဖော်ပြ

နိရဉ္စရာ၊ ဇူလိုင် ၁၅

19989795_1586132174732187_4044838367783773056_n

လူ ၃ ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာ ရခဲ့သည့် ယနေ့နံနက်ပိုင်းက မောင်တောမြို့နယ် မြောက်ပိုင်း ပြောင်ပိုက်ကျေးရွာနှင့်ငါးစားကြူးကျေးရွာအကြားတွင် ပေါက်ကွဲမှုမှာ အစွန်းရောက် အကြမ်းဖက်များ ထောင်ထားသည်ဟု ယူဆရသော ဒေသန္တရ လက်လုပ်မိုင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဖြစ်စဉ်မှာ ယနေ့ ဇူလိုင် ၁၅ ရက် နံနက် ၁၁ နာရီတွင် အမျိုးသား ၄ ဦးသည် လယ်စိုက်ပျိုးပြီး ထမင်းစားနားချိန်၌ လယ်အနီးရှိ တောင်ကုန်းပေါ်သို့တက်စဉ် အဆိုပါ မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ် ကြောင်းဖြင့် သတင်းတွင် ဖော်ပြထားသည်။

အခင်းဖြစ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာ ဆွေယော့ ဒူလာ (၁၄) နှစ် သည်နေရာတွင်သေဆုံးခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီတွင် ဒဏ်ရာ ရရှိသူ ဖေရန် ၆၀ နှစ် (စိုးရိမ်ရ)၊အူစမန် ၁၇ နှစ်(စိုးရိမ်ရ)၊ ကီမန်ဟူဆောင်း ၁၂ နှစ်(မစိုးရိမ်ရ) တို့အား မောင်တောဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူခဲ့ကြောင်း၊ ညနေ ၄ နာရီတွင် ၁၅ မိနစ်တွင် ဒဏ်ရာရရှိသူ ဖေရန် နှင့်အူစမန်တို့ ၂ ဦးသည် ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းပေါက်ကွဲသည့် အနီးပတ်ဝန်းကျင်တစ်ဝိုက် နယ်မြေ ရှင်းလင်းလျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်သည်။