English News

သံတွဲလောကသယမ္ဘူဘုရားပွဲတော်ကြီးတွင် နိုင်ငံကျော်တေးသံရှင် မေဆွိအပါအ၀င် တေးသံရှင်အများအပြား လာရောက်ဖြေဖျော်မည်

နိရဉ္စရာ၊ ဧပြီ ၁၉

17951627_1499225973422808_7573028467208556180_n

ရခိုင်ပြည်နယ် သံတွဲ ငပလီကမ်းခြေရှိ အမတသုခ အလိုတော်ပြည့်တောရကျောင်းတိုက်တွင် တည်ထား ကိုးကွယ်သော လောကသယမ္ဘူ ရပ်တော်မူ ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်တွင် နိုင်ငံကျော် တေးသံရှင် မေဆွိ အပါအ၀င် တေးသံရှင် အများအပြား လာရောက် ဖြေဖျော်ကြမည်ဟု သတင်းရရှိသည်။

မေဆွိနှင့် အတူ လာရောက်ဖြေဖျော်ကြမည့် တေးသံရှင်များမှာ် နေထက်လင်း၊ သူထူးစံ၊ သန်းဆွေ၊ ဖိုးဇော်၊ စောမင်းသိန်း၊ ချစ်စနိုးဦး၊ ခွန်ဆင့်နေခြည်၊ ဆုပန်ထွာ၊ ပွင့်၊ စန္ဒီမြင့်လွင်၊ လှမျိုးသဉ္စနွယ်၊ ပန်းခက်ရွှေစင် စသည့် အဆိုတော်များဖြစ်ကြောင်း အလိုတော်ပြည့်ကျောင်း လက်ထောက်ဆရာတော် ဦးကုမာရ (ခ) ဦးဇင်ဘီလူးက နိရဉ္စရာသို့ ပြောသည်။

၎င်းဘုရားပွဲတော်ကို ဧပြီလ ၂၃ ရက်နေ့ မှ ၂၄ ရက်နေ့ အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။