Advertising
English News

သံတွဲမြို့ လေးမျက်နှာဘုရားအနီး စိတ်ကြွဆေးပြား ၁၂၂ ပြားနှင့် လူတစ်ဦးကိုဖမ်းဆီး

47115884_367944333779366_2446077277725786112_n

စိုးဇံအောင်(တောင်ကုတ်)
နိရဉ္စရာ၊ နိုဝင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ သံတွဲမြို့ (၄)ရပ်ကွက်၊ လေးမျက်နှာ ဘုရားအနီးတွင် လူတစ်ဦးထံမှ WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၂၂ ပြား ဆီးရမိခဲ့သည်ဟု သိရသည်။

ထိုသို့စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူမှာ သံတွဲမြို့ အမှတ်(၁) ရပ်ကွက် မာဃလမ်းနေ ဦးမိုးနိုင် (၅၀)နှစ်ဖြစ်သည်ဟု သိရသည်။

သတင်းအရ သံတွဲရဲတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးရာ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၂ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု သံတွဲမြို့မရဲစခန်းမှ ရဲတာဝန်ရှိသူတစ်ဦးက နိရဉ္စရာသို့ပြောသည်။

“ဒီနေ့ ညနေ ၃ နာရီခွဲလောက်မှာ ဖမ်းမိတာပါ။ရဲတပ် ဖွဲ့ကို သတင်းပေးပို့ချက်အရ ရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးရာမှာ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၂၂ ပြား နဲ့အတူ ဦးမိုးနိုင် ၅၀ နှစ်ကို လေးမျက်နှာဘုရားအနီး ဖမ်းဆီးခဲ့ပါတယ်”ဟု ၄င်းက ပြောသည်။

ဦးမိုးနိုင်အား သံတွဲမြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီဖြစ် ပြီး မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် အမှုဖွင့်အရေး ယူသွားမည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။