Advertising
English News

သံတွဲ ဒွါရာဝတီမြို့မဈေး ကုန်သိုလှောင်ခန်းတစ်ချို့မီးလောင်

 

47043362_202418867347244_717243041462616064_n

စိုးဇံအောင်(တောင်ကုတ်)
နိရဉ္စရာ၊ နိုဝင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ သံတွဲမြို့ ဒွါရာဝတီမြို့မဈေးတွင် ဝါယာ ရှော့ခ်ဖြစ်ပြီး အပေါ်ထပ် ကုန်သိုလှောင်ခန်းတချို့ မီး လောင်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

သံတွဲမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက”ဒီမနက် ၁၀ နာရီ ၃၅ လောက်မှာဖြစ်တာပါ။ ကုန်သိုလှောင်ခန်း တစ်ခုက ဝါယာရှော့ခ်ဖြစ်ပြီး စတင်လောင်ခဲ့တာလို့ သိရပါ တယ်။ဆုံးရှုံးမှုတန်ဖိုးကိုတော့ မတွက်ချက်ရသေးဘူး လို့သိရပါတယ်”ဟု နိရဉ္စရာ သို့ ပြောသည်။

မီးလောင်မှုကြောင့် ကုန်သိုလှောင်ခန်း ၄ ခန်းပါသွားကြောင်း သံတွဲမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက အတည်ပြု ပြောကြားသည်။

အဆိုပါ မီးလောင်မှုသည် နံနက် ၁၀ နာရီ ၃၅ တွင် စတင်ဖြစ်ပွားခဲ့ပြီး သံတွဲမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ကားနှစ်စီးဖြင့် ငြိမ်းသတ်လိုက်ရကာ နံနက် ၁၁ နာရီတွင် အပြီးငြိမ်းသတ်နိုင်ခဲ့သည်ဟု ဆိုသည်။