Advertising
English News

သင်္ကြန်အကြိုနေ့ ဘုရားရေသပ္ပါယ်ပွဲများနှင့် စစ်တွေတွင်စည်ကား

နိရဉ္စရာ၊ ဧပြီ ၁၃

30709202_1892160370796031_933380647794245632_n

ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ကျရောက်သည့် သင်္ကြန်အကြိုနေ့တွင် ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ရပ်ကွက်အလိုက်၊ အသင်းအဖွဲ့အလိုက် ဘုရားရေသပ္ပါယ်ခြင်း ပြုရန် အတွက် ဘုန်းတော်ကြီးကျောင်းများသို့ ကားကြီး ကားငယ် အသွယ်သွယ်ဖြင့်သာမက အပျို လူပျိုများက စီတန်းလှည့်လည်ပြီး သွားလာနေကြရာ စစ်တွေမြို့ အင်္ကြန်ပွဲတော်မှာ စည်ကားစပြုနေပြီ ဖြစ်ကြောင်း သိရသည်။

30725961_1892162047462530_13587940789714944_n

ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့တွင် ရခိုင်ရိုးရာ ဓလေ့ထုံးတန်းစဉ်လာအညီ ရေလောင်းပက်ဖျန်းကစားကြမည် ဖြစ်သော်လည်း ယနေ့မှ စ၍ ရေကစားမှုများရှိနေပြီး နေရာတိုင်းတွင် သင်္ကြန်းတေးခြင်းများ၊ သံချပ်များဖြင့် ဆူညံစွာဖြင့် ထွက်ပေါ်လျက်ရှိနေသည်။