English News

အကယ်ဒမီနေတိုးမိသားစုနှင့် ထာဝရနှင်းဆီဖောင်ဒေးရှင်းမှ ရခိုင်အရေးအတွက် ငွေကျပ်သိန်း ၁၁၀ ကျော်လှူဒါန်း

နိရဉ္စရာ၊ စက်တင်ဘာ ၁၁

အလှူငွေ သိန်း(၅၀) ကျပ်

21432887_1642074969137907_5882774351059118335_n

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နေတိုး၊ ညီဖြစ်သူ မင်းသွေး၊ ဖခင်ဖြစ်သူ ဦးအောင်သန်း၊ မိခင်ဖြစ်သူဒေါ်သန်းမြိုင် မိသားစုနှင့် ထာဝရနှင်းဆီဖောင်ဒေးရှင်းမှ ရခိုင်တိုင်းရင်းသား ဒုက္ခသည်များ အတွက် ကျပ်ငွေ တစ်ရာတစ်ဆယ့်သုံးသိန်းသုံးသောင်း (၁၁၃၃၀၀၀၀) ကို စက်တင်ဘာ ၉ ရက်နေ့က လှူဒါန်းလိုက်ကြောင်း သတင်းရရှိသည်။

၎င်းအလှူငွေအား ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတိုက် လက်ထောက်ဆရာတော် ဦးကုမာရ (ဦးဇင်ဘီလူး)ထံမှ တစ်ဆင့် လှူဒါန်းလိုက်ခြင်း ဖြစ်သည်။

“ စုစုပေါင်း ကျပ်သိန်း ၁၁၃ သိန်းကျော် အထဲက သိန်း ၅၀ ကတော့ ထာဝရနှင်းဆီးဖောင်ဒေရှင်းမှနေ လှူဒါန်းတာ ဖြစ်ပါတယ်။ ကျန်တဲ့ သိန်း ၆၀ ကျော်ကတော့ အကယ်ဒမီနေတိုးနဲ့ မိသားစုက လှူဒါန်းတာ ဖြစ်ပါတယ်။ ဒီအလှူငွေက ရခိုင်မျိုးနွယ်စု စစ်ဘေးရှောင်ဒုက္ခသည်များနဲ့ မောင်တောဒေသမှာ တာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သားများနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အတွက် လှူဒါန်းတာ ဖြစ်ပါတယ်” ဟု ဦးဇင်းကုမာရက ပြောကြားသည်။

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးနေကြရသည့် ရခိုင် တိုင်းရင်းသား မျိုးနွယ်စုများအတွက် အကူအညီများကို ဆက်လက် လှူဒါန်းနေကြပြီး ရရှိလာသည့် ငွေများကို အကြမ်းဖက်မှုကြောင့် ထိခိုက်နေကြရသည့် ရခိုင်မျိုးနွယ်စုဝင် ဒုက္ခသည်များထံသို့ အမြန်ဆုံး ပေးပို့ လှူဒါန်းသွားမည်ဟု အလိုတော်ပြည့်ဆရာတော်ကြီး၏ တပည့် လက်ထောက် ဦးဇင်းကုမာရက ပြောကြားသည်။