English News

အလယ်သံကျော်သို့ ရဟတ်ယာဉ်ဖြင့် စစ်ကူများ ရောက်လာပြီဟုဆို

နိရဉ္စရာ၊ သြဂုတ် ၂၆

မောင်တောတောင်ပိုင်း အလယ်သံကျော်သို့ စစ်ကူများ ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာပြီဟု ဆရာမတစ်ဦးက ပြောသည်။

“ ဒီကနေ့ တပ်ကူတွေ ရောက်လာပါပြီ။ ဒါပေမယ့်ကျွန်မတို့က ကလေးတွေနဲ့ဆိုတော့ စိုးရိမ်တာပေါ့။ ထမင်းလည်း စားလို့ မရဘူး။ ဘင်္ဂလီတွေက လူအုပ်နဲ့လာတော့ ကြောက်ရပါတယ်။ လက်ပစ်ဗုံးတွေကိုလည်း ကြောက်နေရတယ်။ အခု သူတို့ မောင်တောကို တိုက်နေပြီလေ။ မြို့ပြင်မှာရှိတဲ့ အစိုးရ အဆောက်အဦတွေကိုလည်း ဖျက်ဆီးလိုက်ကြပြီလို့ ကြားပါတယ်” ဟုဆရာမ ဒေါ်ခင်သန်းရီက ပြောသည်။

၎င်းပြင် ပိတ်မိသော ၀န်ထမ်းများနှင့် ရွာသားများကိုကယ်ထုတ်ပေးကြပါရန် နိုင်ငံတော် အစိုးရနှင့် အထက်လူကြီးများအား မေတ္တာရပ်ခံကြောင်း ပြောကြားသည်။

“ ကလေးတွေ ငိုနေကြပါပြီ။ ထမင်းမစားရတာထက် အသက်မသေဖို့ ပိုအရေးကြီးပါတယ်။ ကျွန်မတို့ကို ကယ်ထုတ်ဖို့ အထက်လူကြီးတွေ သိအောင် ကူညီပေးကြပါ။ အခု နယ်ခြားစောင့်စခန်းထဲမှာ နေနေကြပေမယ့် ကလေးတွေနဲ့ ဆိုတော့ အကုန်လုံး စိုးရိမ်နေကြပါတယ်” ဟု ပြောဆိုသည်။