English News

အလိုတော်ပြည့်ကယ်ဆယ်ရေးအဖွဲ့နှင့် အနုပညာရှင်တစ်ချို့ သိန်းတစ်ထောင်တန်ဖိုးရှိပစ္စည်းများ စစ်တွေတွင် သွားရောက် ကူညီထောက်ပံ့

နောင်ခိုင်အောင်
နိရဉ္စရာ၊ စက်တင်ဘာ ၃၀

22049877_1689455884399815_3298206843404729456_n

အလိုတော်ပြည့်ကယ်ဆည်ရေးအဖွဲ့နှင် ရန်ကုန်မှ အဆိုတော်တချို့ ပါဝင်သော အဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျပ်တစ်သိန်းစီ တန်ဖိုးရှိသည့် ပစ္စည်း၄၃ မျိုးပါ သေတ္တာပုံး (စုစုပေါင်း ကျပ် သိန်း ၁၀၀၀ ဖိုးရှိ) ပစ္စည်းများကို လှူဒါန်းနေကြောင်း သတင်းရရှိသည်။

“ မနေ့ကတော့ အလိုတော်ပြည့်ကျောင်းမှ မိသားစု ၆၀၊ လူဦးရေ ၂၀၀ အတွက် လှူဒါန်းပါတယ်။ ပီးရင် ဓည၀တီ အားကစားကွင်းမှာ နေထိုင်နေကြတဲ့ ဟိန္ဒူလူမျိုး ၇၀၀ ခန့်ကို သွားရောက်လှူဒါန်းပါတယ်။ နောက်ထပ်ကတော့ မဏိရတနာကျောင်း၊ လရောင်ဝင်းကျောင်းနဲ့ ပြည်ကြီး မဏ္ဍိုင်ကျောင်းတွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်” ဟု ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်း လက်ထောက်ဆရာတော် ဦးကုမာရက ပြောကြားသည်။

လှူဒါန်းသည့် ပလစတစ် သေတ္တာပုံးထဲတွင် ပါဝင်သည့် ပစ္စည်း ၄၃ မျိုး အထဲတွင် ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်၊ အိုး၊ ခွက် အဝတ်အထည်၊ မိသားစုအသုံးအဆောင်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

အလိုတော်ပြည့်ကယ်ဆယ်ရေး အဖွဲ့နှင့် အတူ ရန်ကုန်မြို့မှ ရုပ်ရှင် သရုပ်ဆောင်များ၊ အဆိုတော်များလည်း လိုက်ပါလာပြီး စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းတွင် ဒေသအတွင်းမှ ရခိုင်အဆိုတော်များနှင့် ပူးပေါင်းကာ ဖြေဖျော်ပွဲ တစ်ခုကိုလည်း ယမန်နေ့ ညနေက ပြုလုပ်ခဲ့သည်ဟု သိရသည်။

22045709_1689456104399793_7739157213933208740_n

“အနုပညာသမားတွေအနေနဲ့တော့ ဘင်္ဂလီ အစွမ်းရောက်သမားတွေရဲ့ အကြမ်းဖက်ခံနေရတဲ့ ရခိုင်တိုင်းသားတွေကိုစိတ်ဓာတ်ခွန်အားဖြစ်အောင် လာရောက်ဖြေဖျော်ကြတာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေအားလုံးနဲ့ သူတို့ဟာ တစ်သွေးတည်း တစ်သားတည်း ရှိနေတယ်ဆိုတာကို ပြသ အားပေး နှစ်သိမ့်အားပေးဖို့အတွက် ဦးဇင်းတို့နှင့်အတူပါလာတာ ဖြစ်ပါတယ်” ဦးဇင်းက ဆက်လက် မိန့်ကြားသည်။

အလိုတော်ပြည့်ကယ်ဆည်ရေးအဖွဲ့သည် ရခိုင်သို့ လာရောက်လှူုဒါန်းသည်မှာ ယခုအကြိမ်သည် ၃ ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

22049850_1689456301066440_7254721136536044456_n

ထောက်ပံပစ္စည်းများကို ယနေ့တွင် စစ်တွေမြို့ပေါ်ရှိဒုက္ခသည်စခန်း ၂ဝ ကျော်အနက် ကျန်ရှိနေသေးသည့် စခန်း ၁ဝ ခုသို့ သွားရောက်ထောက်ပံ့လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။