Advertising
English News

အမေရိကန်ပြည်ထောင်စုအိုင်အိုဝါပြည်နယ်တွင် ရခိုင်ရိုးရာ သင်္ကြန်ပွဲကျင်းပမည်

နိရဉ္စရာ၊ ဇူလိုင် ၁၂

37082483_1997154663629934_2190353859770056704_n

အမေရိကန်ပြည်ထောင်စုအိုင်အိုဝါပြည်နယ်တွင် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို လာမည့် ဇူလိုင် ၁၄ နှင့် ၁၅ ရက်များတွင် အထူးစည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဟု သိရသည်။

အိုင်အိုဝါပြည်နယ် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်အတွင်း ရေကစားမဏ္ဍပ်များဆောက်လုပ် ပြီး ရခိုင်ရိုးရာအတိုင်း ရေကစားကြမည့် အပြင် ဘောလုံးပြိုင်ပွဲ၊ ရခိုင်ရိုးရာကျင်ပွဲ၊ တစ်ခြားသောပျော်ပွဲရွှင်ပွဲများနှင့် အတူ ကံစမ်းမဲကို ထည့်သွင်းကျင်းပမည်ဟု သိရသည်။

ကံစမ်းမဲတွင် ပထမဆု ကို Apple Computer ၊ ဒုတိယဆုကို iPhone X ၊ တတိယ ဆုကို Canon Camera ၊ စတုတ္ထဆုကို Apple Watch များအပြင် တစ်ခြား နှစ်သိမ့်ဆုမဲပေါင်း များစွာကိုလည်း ထည့်သွင်း ကံစမ်းသွားမည် ဖြစ်သည်။

ကံစမ်းမဲမှ ရရှိလာသော ငွေကြေးများကို အသောကာရာမဘုန်းတော်ကြီးကျောင်း ဝေယျာဝိစ္စ အလှူထည့်ဝင်သွားမည်ဟု သိသည်။

အိုင်အိုဝါပြည်နယ်ရှိ မြန်မာတိုင်းရင်းသားများအားလုံးကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။

ရခိုင်သင်္ကြန်ပွဲတော်နှင့် ပတ်သက်ပြီး ပိုမို သိရှိလိုပါက ကိုဖလှမောင် (ဖုန်း- 515-918-6952) သို့ ဆက်သွယ်နိုင်ပါသည်။

(ဓာတ်ပုံ- အမေရိကန်နိုင်ငံ နယူးယောက်မြို့မှ ရခိုင်သင်္ကြန်ကို မြင်တွေ့ရစဉ်)