English News

“ အကြမ်းဖက်လုပ်ရပ် အမြန်ဆုံး ကျဆုံးပါစေ” လို့ ရုပ်ရှင်သရုပ်ဆောင်ခန့်စည်သူ ဆုတောင်း

နိရဉ္စရာ၊ စက်တင်ဘာ ၈

21317800_1639553586056712_2980843335716546371_n

ရန်ကုန်နဲ့ မန္တလေး အခြေစိုက် ရုပ်ရှင်မင်းသား မင်းသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ မေတ္တာသင်္ဂဟအဖွဲ့မှ အကြမ်းဖက်တိုက်ခိုက်ခံနေရတဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ် အနောက်ခြမ်း မယူကမ်းဒေသမှ ထွက်ပြေးလာကြတဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် ကျပ် သိန်း ၉၀ ကို အလိုတော်ပြည့် ဆရာတော်ကြီး တစ်ဆင့် လှူဒါန်းခဲ့ပါတယ်။ အဲဒီလှူဒါန်းတာနဲ့ ပတ်သက်ပြီး နိရဉ္စရာသတင်းဌာက မေတ္တာသင်္ဂဟအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ရုပ်ရှင် သရုပ်ဆောင် ခန့်စည်သူကို မေးမြန်းထားတာကို တင်ပြပေးလိုက်ပါတယ်။

မေး- ရခိုင်တိုင်းရင်းသား ဒုက္ခသည်တွေ အတွက် ငွေလှူဒါန်းတယ်လို့ သိရတဲ့အတွက် လှူဒါန်းရတာနဲ့ ပတ်သက်ပြီး သိပါရစေ။
ဖြေ- ရန်ကုန်နဲ့ မန္တလေး အခြေစိုက် ရုပ်ရှင်မင်းသား မင်းသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ မေတ္တာသင်္ဂဟအဖွဲ့ကနေ လှူဒါန်းတာ ဖြစ်ပါတယ်။ ကျပ်သိန်း ၉၀ လှူဒါန်းပါတယ်။

မေး- လှူဒါန်းရတဲ့ ရည်ရွယ်ချက်လေးကို သိပါရစေ။
ဖြေ- ရည်ရွယ်ချက်ကတော့ ရခိုင်ဒေသမှာ ခံစားနေရတဲ့ ကိုယ့်သွေးချင်းတွေပါ့။ ကျွန်တော်လည်း ရခိုင်သွေးပါပါတယ်။ ကိုယ့်သွေးချင်းတွေ၊ အတိဒုက္ခရောက်နေတဲ့ ရခိုင်သွေးချင်းတွေ၊ အပြစ်မဲ့ပြည်သူတွေ၊ အသက်စွန့်ပြီး ကာကွယ်နေတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ အတွက် ကျွန်တော်တို့ မေတ္တာသင်္ဂဟအဖွဲ့ကနေပြီးတော့ တတ်နိုင် သလောက် ၀ိုင်းရံ တာပါ။

မေး- ရခိုင်တိုင်းရင်းသားတွေ သတ်ဖြတ်ခံရတယ်။ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးကြရတယ်ဆိုတော့ ဒီလို ဖြစ်နေတဲ့ အပေါ်မှာ ခံစားရတဲ့ အတိုင်းအတာကိုလည်း ပြောပြပေးပါ။
ဖြေ- ခံစားရပါတယ်။ ကျွန်တော်တို့ ရခိုင်ဆိုတာလည်း မြန်မာနိုင်ငံမှာ ပါဝင်တဲ့ တိုင်းရင်းသား လူတစ်မျိုး တစ်မျိုးဘဲလေ။ ကျွန်တော်တို့လည်း ကိုယ်တိုင်ထိခိုက်သလို ခံစားရပါတယ်။ ဟို …အသက်ဆုံးရှုံးသွားသူတွေရဲ့ ကျန်ရစ်တဲ့ မိသားစုနဲ့ ထပ်တူ ကြေကွဲရပါတယ်။

မေး- အနုပညာရှင်တစ်ယောက်အနေနဲ့ ရခိုင်ပြည်သူတွေကို အခုဖြစ်နေတဲ့ ပြသနာနဲ့ ပတ်သက်ပြီး ရခိုင်ပရိသတ်ကို ဘယ်လို နှစ်သိမ့်စကားမျိုး ပြောလိုပါသလဲ။
ဖြေ- ကျွန်တော်တို့ ဒီအကြမ်းဖက်လုပ်ရပ်ကို ရှုံ့ချပါတယ်။ အမြန်ဆုံး ကျဆုံးပါစေ။ ရခိုင်ပြည်ကြီးလည်း အမြန်ဆုံး ငြိမ်းချမ်းပါစေလို့ ကျွန်တော်တို့ ဆုတောင်းပေးချင်ပါတယ်။ အခု စုပြီးတော့ အနုပညာရှင် ညီအစ်ကိုမောင်နှမတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး ငွေကြေးလှူသလို တတ်နိုင်တဲ့ အခါ၊ အဆင်ပြေတဲ့ အခါ ရခိုင်ထိ သွားဖို့ရှိပါတယ်။

(ပြီး)