Advertising
English News

ဧရာဝတီတိုင်း ဂွ-ငါးသိုင်းချောင်းလမ်းမပေါ်တွင် ဘင်္ဂလီလူမျိုး ၁၁ ဦးဖမ်းမိ

နိရဉ္စရာ၊ သြဂုတ် ၇

38701191_2040331039312296_827866778938900480_n

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်း-ဂွလမ်းပေါ်တွင် အမျိုးသမီး ၂ ဦးအပါအ၀င် စုစုပေါင်း ဘင်္ဂလီလူမျိုး ၁၁ ဦးကို ဖမ်းမိကြောင်း သတင်းရရှိသည်။

ဂွမြို့မရဲစခန်းသို့ ဆက်သွယ်ရာ ဖမ်းမိခြင်းမှာ ဟုတ်မှန်သော်လည်း ဧရာဝတီတိုင်းတွင် ဖမ်းမိခြင်း ဖြစ်သဖြင့် ၎င်းတို့အား ဂွမြို့ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားခြင်း မရှိကြောင်း ပြောကြားသည်။

၎င်းတို့အား သြဂုတ် ၅ ရက် ညနေ ၁၀ နာရီခွဲတွင် ၅ ဦးဖမ်းမိပြီး သြဂုတ် ၆ ရက် နံနက် ၆ နာရီတွင် ၆ ဦး စုစုပေါင်း ၁၁ ဦးကို ဖမ်းမိခဲ့သည်ဟု သိရသည်။

၎င်းဖမ်းဆီးမိသူများမှာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့မှ ဖြစ်ပြီး ၇နှစ် အရွယ် မိန်းကလေးတစ်ဦးအပါအဝင် ကျား ၉ ဦး၊မ ၂ဦးပေါင်း ၁၁ဦးဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၅ ရက်နေ့က ရခိုင်ပြည်နယ် ဂွ မြို့နယ် ဗေဒါစစ်ဆေးရေးဂိတ်မှ ကားတစ်စီး ဆိုင်ကယ် အားတိုက်ပြီး ထွက်ပြေးကြောင်း၊ ၎င်းကားအား ဖမ်းဆီးရမိရေးအတွက် ရေကြည် မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးဦးဆောင်သော အဖွဲ့မှ မိုင်တိုင် အမှတ် (၁၉/၂)နှင့် (၁၉/၃) အကြား ယာဉ်အမှတ် YGN 6H/1514 crown ခဲရောင်အား စစ်ဆေးရာ ကားပေါ်မှ ဘင်္ဂါလီ ၅ ဦးကို ၎င်းနေ့ ည ၁၀ နာရီ ၃၀မိနစ်ခန့်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျန်သူများကို ရှာဖွေရာ သြဂုတ် ၆ ရက် နံနက် ၆နာရီတွင် နောက်ထပ် ၆ ဦးကို ထပ်မံ ဖမ်းဆီးမိကြောင်း သိရသည်။

ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်ရာ ဖမ်းဆီးခြင်းမှာ ဟုတ်မှန်သော်လည်း အသေးစိတ်ကို ရေကြည်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းပါဟု ပြောကြားသည်။

၎င်းတို့အား ဖမ်းဆီးရမိပြီးနောက် ရေကြည်မြို့နယ် လဝက ဦးစီးဌာန သို့ လွှဲပြောင်း အပ်နှံထားကြောင်း သတင်းရရှိသည်။

(ဓာတ်ပုံ – Lwin Oo)